2022

စစ်အာဏာရှင် ကျဆုံးရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့ မွန်ပြည်သူတွေကို တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂) စစ်အာဏာရှင် ကျဆုံးရေးအတွက် မွန်ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က တိုက်တွန်းလိုက်ပါတယ်။ လက်ရှိကာလမှာတော့ စစ်အာဏာရှင် ကျဆုံးရေးဖြစ်တဲ့ ပြည်သူ့ခုခံစစ်ပွဲနဲ့ နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မြင့် တိုးတက်လာနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်သစ်မှာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် မွန်ပြည်သူတွေအနေနဲ့ NUG အစိုးရနဲအတူ…

အိုမီခရွန်ခြိမ်းခြောက်မှုကြောင့် ဘရူးနိုင်းနိုင်ငံ၏ Travel Green စာရင်းမှ နိုင်ငံများအားလုံးကို ယာယီ ဖယ်ရှားမည်

ဘန်ဒါဆီရီဘီဂါဝန်၊ ဒီဇင်ဘာ ၃၁ ဘရူးနိုင်းအစိုးရသည် ပြည်တွင်း ပြည်ပခရီးသွားလာရေးနှင့်ပတ်သက်ပြီး အသစ်ထပ်မံပြဌာန်းထား သော လမ်းညွှန်များကို ထုတ်ပြန်ကြေငြာခဲ့ပြီး Travel Green မှ စင်ကာပူနိုင်ငံအပါအဝင် နိုင်ငံအတော် များများကို ယာယီအားဖြင့် ဖယ်ရှားထားခဲ့သည်။ ဘရူနိုင်း ဝန်ကြီးချုပ်ရုံး၏ ကြေငြာချက်တွင် လက်ရှိ ကိုဗစ် ၁၉ အခြေအနေကို ထည့်သွင်းစဥ်းစားပြီး အဓိကအားဖြင့် အခြားသောနိုင်ငံများတွင် ရောဂါကူးစက်မှုမြင့်တက်လာခြင်းနှင့် အိုမီခရွန်ကြောင့်…

NCA စာချုပ်ကို အာဏာသိမ်းစစ်တပ်ကသာ ချိုးဖောက်ခဲ့တာလို့ KNU တုံ့ပြန်

မော်လမြိုင် ၊ ဇန်နဝါရီ (၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အာဏာသိမ်း စစ်တပ်ကသာ ချိူးဖောက်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘောတူ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အပေါ်…

မွန်ပြည်နယ်မှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသာ အစိုးရတင်ဒါတွေ ရနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁) မွန်ပြည်နယ်မှာတော့ အခုဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်အတွင်း ဆောင်ရွက်တဲ့ ဒေသန္တရ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကသာ တင်ဒါ အများဆုံး ရရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ မော်လမြိုင်ခရိုင် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းတွေထဲမှာ ငွေမိုး ဦးမိုးကျော်လို့ လူသိများတဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စုန်ရေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတည်းကပဲ…