October 2022

သရက်ချောင်းမြို့နယ်က ကျေးရွာအချို့မှာ စစ်ကောင်စီတပ် တောနင်းရှာဖွေနေ

သရက်ချောင်းမြို့နယ်က ကျေးရွာအချို့မှာ စစ်ကောင်စီတပ် တောနင်းရှာဖွေနေသရက်ချောင်း၊ အောက်တိုဘာ (၃၀)တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်က ကျေးရွာအချို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မနက် အစောပိုင်းကတည်းက စပြီး စစ်ကောင်စီတပ်က တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် အင်အား ၇၀ လောက်ဟာ ကြာအင်းကျေးရွာနဲ့ ကျောက်လှေကားကျေးရွာတွေက ရော်ဘာခြံတွေနဲ့ တောတောင်တွေထဲကို ဝင်ရောက်လာပြီးနောက် တောနင်းရှာဖွေတာတွေ ဆက်တိုက်ဆောင်လုပ်နေပါတယ်။…

KNLA ပူးပေါင်းတပ်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး CDM ပြုလုပ်လာ

မော်လမြိုင်၊ အောက်တိုဘာ (၃၀) စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင်(၅) ဦးဟာ KNLA တပ်မဟာ(၆)ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပြီး CDM ပြုလုပ်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ဝင်ရောက်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၅၈)က တပ်သား(၃)ဦး၊ ခမရ(၄၃၂)က တစ်သား(၁)ဦးနဲ့ ခလရ(၂၈၄)က တပ်သား(၁)ဦးတို့ဟာ အောက်တိုဘာ(၂၉)ရက်နေ့ မနက်အစောပိုင်းက KNLA တပ်…

တောင်ကိုရီးယားမှာ ဟောလိုးဝင်းပါတီအပြီး လူပေါင်းများစွာ နှလုံးရပ်ပြီးသေဆုံးမှု ဖြစ်ပေါ်

ဆိုးလ်၊ အောက်တိုဘာ (၃၀) တောင်ကိုရီးယား ဆိုးလ်မြို့တော် အီထယ်ဝန်း အပန်းဖြေခရိုင်မှာ ယနေ့ည အောက်တိုဘာ (၃၀)ရက်နေ့ က ကျင်းပခဲ့တဲ့ ဟောလိုးဝင်းပါတီပွဲ ကျင်းပနေစဉ် အတွင်းမှာ လမ်းကျဉ်းတစ်ခုထဲ လူအုပ်ကြီးရဲ့ တွန်းထိုးမိမှု ကြောင့် လူငါးဆယ်လောက် နှလုံးခုန်ရပ်ပြီး အများ အပြားသေဆုံးမှာကို စိုးရိမ်ပူပန်နေရတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။ National Fire Agency မှ…

ချောက်မြို့မှာ ယာဉ်တိုက်မှုဖြစ်ပြီး (၇) ဦးသေဆုံး

ချောက် – အောက်တိုဘာ(၂၉) မကွေးတိုင်း ချောက်မြို့နယ် ဩဇာတောင်ကျေးရွာနားမှာ ဒီနေ့အောက်တိုဘာလ(၂၉) ရက်နေ့ မနက် အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး (၇) ဦးသေဆုံးကာ(၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ရေနံချောင်း- ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင်အမှတ်(၃၇၈/၇) အနီးမှာ ရပ်ထားတဲ့ FUSO အမျိုးအစား(၁၂)ဘီယာဉ်ကို CANTER အမျိုးအစား ယာဉ်က အနောက် ကနေဝင်တိုက်ခဲ့…

ဆင်မကြီး မိုမိုရဲ့ အသက် (၆၉) နှစ်ပြည့် မွေးနေ့ ကျင်းပ

ရန်ကုန် – အောက်တိုဘာ(၂၉) ရန်ကုန်မြို့က တိရစ္ဆာန်ဥယျဉ်မှာ ဆင်မကြီး မိုမို ရဲ့ အသက်(၆၉) နှစ်ပြည့် မွေးနေ့ပွဲကို ဒီနေ့ အောက်တိုဘာလ(၂၉) ရက်နေ့မှာ ကျင်းပနေပါတယ်။ သူဟာ အသက်(၇) နှစ်အရွယ်မှာ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – CJ

ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့ ဝင်တိုက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

ကျိုက်ဒုံ၊ အောက်တိုဘာ ၂၉ KIO/KIA နယ်မြေ အနန့်ပါဖြစ်စဉ်နဲ့တကွ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ တရားမဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကျိုက်ဒုံမြို့က စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို KNLA နဲ့ ဒေါန စစ် ကြောင်း ပူးပေါင်းအဖွဲ့က မနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်း ဆည်းရခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ(၂၈)ရက်နေ့ ည (၉)နာရီခွဲလောက်မှာ…

ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ၁၀နှစ်အထိ နေထိုင်ခွင့်ရမယ့် ဗီဇာသစ်စတင်ခွင့်ပြု

ဂျာကာတာ၊ အောက်တိုဘာ (၂၉) ဘာလီကျွန်းမှာ နိုင်ငံခြားသားတွေ ၁၀ နှစ်အထိ နေထိုင်နိုင်မယ့် ဗီဇာအသစ်တစ်မျိုးကို အင်ဒိုနီးရှားက ခွင့်ပြု ပေးခဲ့ပါတယ်။ ဒါဟာ ဘာလီကျွန်းကို နိုင်ငံခြားသားတွေရဲ့ ဒုတိယအိမ်အဖြစ် ပြုလုပ်နိုင်မယ့် ဗီဇာမူဝါဒသစ်ဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ယာယီညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့တာပါ။ “ဘာလီကျွန်းနဲ့ တခြားနေရာတွေကို နိုင်ငံခြားခရီးသွားတွေကို လာရောက်ဖို့ ဆွဲဆောင်တဲ့ ရည်ရွယ်ချက်ပါ”လို့ သူကပြောပါတယ်။ “ဒုတိယအိမ်”…

ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုတဲ့ ရုရှားထုတ်လက်နက်တွေကို မြန်မာစစ်ကောင်စီ အသုံးပြုနေ

နယူးယောက်၊ အောက်တိုဘာ (၂၉) ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်ရာမှာ ရုရှားက သုံးခဲ့တဲ့ လက်နက်အမျိုးအစားတွေကို မြန်မာစစ်ကောင်စီက အသုံးပြုပြီး ပြည်သူလူထုကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလအရေးကျွမ်းကျင်သူက ပြောကြားခဲ့ပြီး မြန်မာ စစ်ကောင်စီကို ဖိအားပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အောက်တိုဘာ၂၇ရက်နေ့က ပြော ကြားချက်မှာောတ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှုကို ပိတ်ဆို့နိုင်ရေး ဦးတည်…

လုံခြုံရေးကောင်စီရဲ့ အချိန်တွေကို ရုရှားဖြုန်းတီးနေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေစွပ်စွဲ

ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒအစီအစဉ်တွေ ကျန်ပြန့်စွာ ပူးပေါင်းကြံစည်မှုတွေ ရှိနေ တယ်လို့ အမေရိကန်က ထပ်မံစွပ်စဲခဲ့တာပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဇီဝလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရုရှားက လုံခြုံရေးကောင်စီမှာ အနည်းဆုံး နှစ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နဲ့ ယူကရိန်းတို့က သူတို့မှာ ဇီဝလက်နက်အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။…