June 6, 2022

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေထာက်ပံ့တဲ့ အမေရိကန်ကို ပူတင် သတိပေး

မော်စကို – ဇွန်(၆) ယူကရိန်းကို အဆင့်မြင့်တိကျတဲ့ မိုဘိုင်းဒုံးပျံစနစ်တာဝေးပစ်ဒုံးကျည် တွေထောက်ပံ့ပေးရင် ပစ်မှတ်အသစ်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိ ကန်ကို သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစေလွှတ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပေမယ့် အနောက်မဟာမိတ်အုပ်စုက မောင်းသူမဲ့လေယာဉ်၊ဟောင်ဝစ် ဇာအမြောက်၊ လေယာဉ်ပစ်စတန်ဂါးနဲ့ တင့်ကားဖျက် ဂျာဗီလင်ဒုံးကျည်တွေကို ထောက်ပံ့ထား ပါတယ်။ ရုရှားနိုင်ငံအတွင်းကို ပစ်မှတ်ထား အသုံးပြုမှာ…

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်ပြီးနောက် မြောက်ကိုရီးယား ပဲထိန်းဒုံများ ပစ်လွှတ်ခဲ့

ဆိုလ်း၊ ဇွန်(၆) အမေရိကန် လေယာဉ်တင်သင်္ဘောတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို လေးနှစ်ကျော်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းခြေ ကမ်းလွန်အတွင်း တာတိုပဲ့ထိန်းဒုန်း(၈) လုံးပစ်လွှတ်ခဲ့ပါတယ်။ ပဲ့ထိန်းဒုံးတွေကို မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပြုံယမ်းက ဆူနန်းဧရိယာမှ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ ဂျပန်သတင်းဌာန ကျိုတိုအေဂျင်စီကလည်း အစိုးရသတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး မြောက်ကိုရီးယားဟာ တစ်ခုထက်မနည်းတဲ့ ပဲ့ထိန်းဒုံးတွေ ပစ်လွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။…