ဘန်ကောက် – မတ်(၂၉) ဂျပန်နိုင်ငံကပြည်သူတွေဟာဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ရပ်တန့်ထား တဲ့နျူကလီးယားဓာတ်ပေါင်းဖိုကိုပြန်လည်အသုံးပြုဖို့အတွက်ထောက်ခံထားတယ်လို့စီးပွားရေးသတင်း စာ တစ်စောင်ရဲ့ စစ်တမ်းတစ်ခုရသိရပါတယ်။ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမားဘေးဒဏ်ခံစားခဲ့ရပြီးနောက်ပိုင်းတိုကျိုမှာ ဓာတ်အားခတွေ အဆမတန် မြင့်မားလာပြီး လျှပ်စစ်မီးပြတ်တောက်မှု သတိပေးချက်တွေထွက်ပေါ်လာပြီးချိန်မှာတော့ နျူကလီးယားအခန်းကဏ္ဍတိုးမြှင့်ဖို့အတွက် မျက်နှာသာပေးလာခဲ့တာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြုလုပ်ခဲ့တဲ့ အဲ့ဒီစစ်တမ်းမှာ လုံခြုံရေးအာမခံနိုင်ရင် နျူကလီးယားဓာတ် ပေါင်းဖိုတွေကို ပြန်လည်စတင်သင့်တယ်လို့ ပြည်သူ (၅၃) ရာခိုင်နှုန်းက ဖြေကြားထားခဲ့ပြီး…