ဘေဂျင်း၊ ဒီဇင်ဘာ ၁၁
တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးကို ပိုမိုတည်ငြိမ်စေဖို့ အာရုံထားမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးသင့်အကြောင်းသင့်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဟု ထိပ်တန်း ခေါင်းဆောင်များတွေ့ဆုံမှုပြီးနောက် သောကြာနေ့တွင် ဆင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဆင်ဟွာသတင်းအေဂျင်စီ၏ သတင်းအစီရင်ခံမှုအရ နှစ်စဥ် ဗဟိုစီးပွားရေးဆိုင်ရာ ကွန်ဖရင့်ကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထို အထဲတွင် တရုတ်နိုင်ငံသည် ချင့်ချိန်ရာရောက်သော ငွေကြေး မူဝါဒတစ်ရပ်နှင့် ကြိုတင်ဖန်တီး ရှေ့ ဆောင်နိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတစ်ရပ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ပါရှိသည်။
“လာမည့်နှစ်၏ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် တည်ငြိမ်မှုကို ဦးစားပေးမည်ဖြစ်ပြီး ဒေသအားလုံးနှင့် ဦးစီးဌာနအားလုံးက အကြီးစားစီးပွားရေးတစ်ခုလုံးကို တည်ငြိမ်ရေးအဖို့ တာဝန်ယူ ထမ်းပိုးရမည်ဟု” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တရုတ်နိုင်ငံသည် လာမည့်နှစ်အတွင်း စီးပွားရေးတည်ငြိမ်မှုကို ဖြစ်မြောက်စေသည့် ရှေ့ပြေးမူဝါဒများကို သင့်လျော်သလို ဆောင်ရွက်လိမ့် မည်ဖြစ်သည်။
“တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဝယ်လိုအားကျုံ့မှု၊ ရောင်းလိုအား မတည်ငြိမ်မှု၊ မျှော်မှန်းနိုင်စွမ်း အားနည်းမှုစတဲ့ သုံးဆဖိအားတွေနဲ့ ရင်ဆိုင်နေရတာကို ကျွန်တော်တို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်”ဟု Xinhua က ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသည် အိမ်ခြံမြေပိုင်ဆိုင်မှုကျဆင်းမှ (property sector) နှင့် စားသုံးသူကဏ္ဍကို ဟန့်တားသည့် တင်းကျပ်သော Covid-19 ကန့်သတ်မှုများကြောင့် 2022 သို့ ဦးတည်သွားမည့် လမ်းကြောင်းတွင် အခြေအနေများစွာကို ရင်ဆိုင်ရနိုင်သည်။
၎င်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် လာမည့်နှစ်အတွင်း front-load infrastructure investment (ရင်းနှီးမြုပ်နှံမှုတခုအတွက် မြေယာ၊ ဥစ္စာဓနငှားရမ်းပြီး ငွေကောက်ခံသောစနစ်)ကဏ္ဍရှိ အခွန်ကိစ္စရပ် များနှင့် ပတ်သက်ပြီး အသစ်ပြဌာန်းခြင်းနှင့် နှုန်းထားများကို သင့်လျော်သလို လျှော့ချခြင်းတို့ကို အကောင်အထည်ဖော်ဆောင်မည်။
(Front-load infrastructure investment ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် လိုအပ် သည့် မြေယာ၊ ဥစ္စာဓါနများကို ငှားရမ်းပေးခြင်းမှ အခကြေးငွေ သို့မဟုတ် ကော်မရှင် အဖြစ် အဆိုပါရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကောက်ခံသောစနစ်ကို ဆိုလို သည်။)
ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော နှစ်စဥ် ဗဟိုစီးပွားရေးဆိုင်ရာ ကွန်ဖရင့်မှ တဆင့် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများကို ပူးပေါင်းဆောင်ရွက်ဖို့၊ ပြည်တွင်း ဝယ်လိုအားကို ချဲ့ထွင်မည့် မဟာဗျူဟာများကို အကောင်အထည်ဖော်ဖို့ ထုတ်ပြန်ခဲ့ပါသည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times

