December 12, 2021

၂၀၂၂ ခုနှစ်တွင် တည်ငြိမ်မှုကိုဦးတည်ပြီး ဖွံ့ဖြိုးရေးကို အတိုင်းအတာတခုအထိ ဆက်လက် ထိန်းသိမ်းသွားမည် ဟု တရုတ်ပြော

ဘေဂျင်း၊ ဒီဇင်ဘာ ၁၁ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးကို ပိုမိုတည်ငြိမ်စေဖို့ အာရုံထားမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးသင့်အကြောင်းသင့်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်မည်ဟု ထိပ်တန်း ခေါင်းဆောင်များတွေ့ဆုံမှုပြီး‌နောက် သောကြာ‌နေ့တွင် ဆင်ဟွာသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ဆင်ဟွာသတင်းအေဂျင်စီ၏ သတင်းအစီရင်ခံမှုအရ နှစ်စဥ် ဗဟိုစီးပွား‌ရေးဆိုင်ရာ ကွန်ဖရင့်ကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး…

လောင်းလုံး ဒေသခံ (၃၀)ကျော်နှင့်ဆိုင်ကယ်တွေကို စစ်ကောင်စီ ဖမ်းပြီး ပိုက်ဆံနှင့် ပြန်ရွေးခိုင်းနေ

လောင်းလုံး၊ ဒီဇင်ဘာ ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကယ်အစီး ၃၀ ကျော်ကိုပါ သိမ်းဆည်းသွားပြီး ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါည ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဝေဒီကျေးရွာကို ရောက်ရှိလာပြီး တစ်အိမ်တက်တင်း…

မွန်က SMEလုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်နေလို့ ရေရှည်ရပ်တည်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂) မွန်ပြည်နယ်အတွင်းက အသေးစား၊အလတ်စား SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ SMEလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာ၊ မြန်မာငွေကြေးတန်ဖိုး ကျဆင်းပြီး သွင်းအားစု ကုန်ပစ္စည်းတွေ မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်ကြတာ…

အမျိုးသမီးတွေကို ဥပဒေမဲ့ညှင်းပန်းနှိပ်စက်တာတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုမိုကျူးလွန်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂) ဖာပွန်ခရိုင်က တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ညဉ်းပန်းနှိပ်စက်တာ၊ အထမ်းသမား ပေါ်တာအဖြစ်ခိုင်းစေတာနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာမှာ ဒေသခံ အမျိုးသမီးတွေကို အဓမ္မခိုင်းစေတာနဲ့ အဓမ္မလုပ်အားပေး စေခိုင်းရာမှာလည်း အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက…