ဘန်ကောက်၊ နိုဝင်ဘာ ၁၀
ထိုင်းဘုရင်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တောင်းဆိုဆန္ဒပြသူများကို ထိုင်းတော်ဝင် အင်စတီကျူးရှင်း ဖြုတ်ချရေးကို အကာအကွယ်ပြုထားသည့် စစ်တပ်မှ ရေးဆွဲထားသော ပြဌာန်း ချက်ကို ချိုးဖောက်ခြင်းရှိ မရှိ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စီရင်ဆုံးဖြတ်မည်။
အကြီးတန်းအကြံပေးပုဂ္ဂိုလ်သည် ထိုင်း တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့် ပတ်သက်သည့် တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးရေးအရာထံသို့ လွန်ခဲ့သောနှစ် စက်တင်ဘာလအတွင်းက ယူဆောင်လာခဲ့သည်။ အမှုကို စွဲဆိုတိုင်တန်းသည့် တရားလိုသည် ထိုင်းနိုင်ငံ၏ အာဏာအကြီးဆုံး အင်စတီကျူးရှင်းဖြစ်သည့် ဘုရင့်အုပ်ချုပ်ရေးကို ဖြုတ်ချရေးအတွက် ရည်ရွယ်တောင်းဆိုပြီး လွန်ခဲ့သောနှစ်အတွင်းက ပေါ်ပေါက် ခဲ့သော တက်ကြွလှုပ်ရှားမှု၏ အစပြုရာအနီးတွင် အဆိုပါတက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်ကို သက်သေအဖြစ် တင်သွင်းခဲ့သည်။
လွန်ခဲ့သောနှစ်၊ ဩဂုတ်အတွင်းက ပြုလုပ်ခဲ့သော လူထုစုဝေးပွဲနှစ်ခုတွင် တော်ဝင်အသိုင်းအဝိုင်းကို မေးခွန်းထုတ်သည့် မိန့်ခွန်းများသည် ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို လူသိရှင်ကြား ဆွေးနွေးခြင်းနှင့် ဝေဖန်ခြင်း ကာလရှည်ကြာ တားမြစ်ခံထားရာမှ ပထမဆုံးအကြိမ်အဖြစ် ကျော်လွန်လုပ်ဆောင်သော ဖြစ်ရပ်ဖြစ်သည်။
သို့သော်လည်း တက်ကြွလှုပ်ရှားသူများက မည်သည့်အပြစ်များ ကျူးလွန်ခြင်းမရှိကြောင်းဟု ငြင်းဆို ထားခဲ့သည်။
ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်သည် ဘုရင် မဟာဗာဂျီရာလောင်ကွန်းအနေဖြင့် ပိုမိုပြီး တာဝန်ယူ /တာဝန်ခံဖို့ တောာင်းဆိုနေကြသည့် လူငယ်များဦးဆောင်သော တက်ကြွလှုပ်ရှားမှုများအပေါ် တော်ဝင်နိုင်ငံရေး အသိုင်းအဝိုင်းမှ မည်သို့အမြင်သဘောထားရှိကြောင်း ပြသလာနိုင်မည်ဖြစ်သည်။
စွဲချက်တွင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျသင့်ခံရန်မပါဝင်သော်လည်း အပြစ်ရှိသည်ဟု စီရင်ချက် ချမှတ်လိုပါက တက်ကြွလှုပ်သူများအပေါ် ဘုရင့်အား စော်ကားပုတ်ခတ်မှုအပါအဝင် ဆူပူအုံကြွအောင် ပြုလုပ်သည်ဟူသော ထောင်ဒဏ်ကျသင့်နိုင်သည့် ပြစ်ဒဏ်ချမှုများဖြင့် စီရင်နိုင်ရန် အစိုးရရှေ့နေများမှ တဆင့် တွန်းအားပေး ဆောင်ရွက်နိုင်ပါသည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times

