November 11, 2021

တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်

ထားဝယ်၊ နိုဝင်ဘာလ ၁၁ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ယနေ့မှာ တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ဝန်ကြီးချုပ်…

ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးမှ ဘုရင်အုပ်ချုပ်မှု ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်ချမည်

ဘန်ကောက်၊ နိုဝင်ဘာ ၁၀ ထိုင်းဘုရင်အုပ်ချုပ်ရေး ပြုပြင်‌ပြောင်းလဲရန်အတွက် တောင်းဆိုဆန္ဒပြသူများကို ထိုင်းတော်ဝင် အင်စတီကျူးရှင်း ဖြုတ်ချရေးကို အကာအကွယ်ပြုထားသည့် စစ်တပ်မှ ရေးဆွဲထားသော ပြဌာန်း ချက်ကို ချိုးဖောက်ခြင်းရှိ မရှိ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စီရင်ဆုံးဖြတ်မည်။ အကြီးတန်းအကြံပေးပုဂ္ဂိုလ်သည် ထိုင်း တက်ကြွလှုပ်ရှားသူ ၃ ဦးနှင့် ပတ်သက်သည့် တိုင်တန်းချက်ကို စုံစမ်းစစ်ဆေး‌ရေးအရာထံသို့…

ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၁) ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ နေ့စဉ်ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။ တရားမဝင် လမ်းကြောင်းက…

စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် စစ်ဘေးရှောင်တွေ ဆေးဝါးနှင့်ရိက္ခာ အခက်တွေ့

မော်လမြိုင် ၊ နိုဝင်ဘာ (၁၁) တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်လို့ မရတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်ဆောင်ထားတဲ့ အတွက်ကြောင့်…