October 2021

တရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၁၁၀ ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီ၊ အောက်တိုဘာ ၃၁ ထိုင်းနိုင်ငံအနောက်ပိုင်းခရိုင်တစ်ခုအတွင်းသို့ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၁၀ ဦးကို စနေနေ့ (၃၁ ရက်နေ့ အောက်တိုဘာလ) က ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့ပါသည်။ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမိး ၁၆ ဦး ပါဝင်သော ၃၈…

စစ်တပ်အာဏာသိမ်းပြီး (၉)လအကြာ လူမှုစီးပွားအခြေအနေ ထက်ဝက်ကျော် ကျဆင်းလာ

မော်လမြိုင် ၊ အောက်တိုဘာ (၃၁) စစ်တပ် အာဏာသိမ်းတဲ့ ၉ လတာကာလအတွင်းမှာ လူမှုစီးပွားဘဝတွေ ဆိုးသထက်ဆိုးတဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။ နိုင်ငံတော် အာဏာကို လက်နက်အားကိုးပြီး စစ်တပ်က မတရား အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၉ လပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းတာနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်တာ၊ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာ၊ သွင်းကုန် ပစ္စည်းတွေ…

အောင်မြင်စွာပြီးဆုံးသွားသောအာဆီယံအစည်းအဝေးနှင့် မပြေလည်နိုင်သေးသော မြန်မာ့အရေး

မြင်သာထင်သာရလဒ်တချို့ဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကြီး ပြီးဆုံးခဲ့သော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ အမေရိကန် – တရုတ်ပြိုင်ဆိုင်မှု အရိပ်အောက်က အာဆီယံသည် ၎င်း၏ ဆက်စပ်ပတ်သက်မှုကို ထိန်းသိမ်းရန်ကြိုးစားနေရသည်။ ကြာသပတေးနေ့ကထုတ်ပြန်ခဲ့သော ဘရူနိုင်းနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်တွင် ASEAN Shield ဟုခေါ်ဆိုသော ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေတုန့်ပြန်မှုများအတွက် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်အပါအဝင် အစည်းအဝေးကာလ ၃ ရက်အတွင်း သဘောတူညီချက်များကို အလေးပေးဖော်ပြထား…

နိုင်ငံရေးမတည်ငြိမ်တဲ့ကာလ ကျောင်းပြန်ဖွင့်မယ့် အစီအစဉ် ကျောင်းသားမိဘတွေ စိုးရိမ်

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) နိုင်ငံရေး မတည်ငြိမ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံထဲက မြို့နယ် ၄၆ မြို့နယ်ကလွဲပြီး ကျန် အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကျောင်းတွေ အမြန်ဆုံး…

ကိုဗစ်ကပ်ဘေးပြန်လည်နာလန်ထူရေးနှင့် ဒေသတွင်းလူမှုအဖွဲ့အစည်းကို တည်ဆောက်ရေးအတွက် အာရုံစိုက်ရန် ကတိပြုရင်း အာဆီယံ အစည်းအဝေးအဆုံးသတ်

ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၂၉ ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကိုဗစ် ၁၉ အလွန် ပြန်လည်နာလန်ထူရေးနှင့် ဒေသတွင်း လူမှုအသိုက်အဝန်း ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အထောက်အကူအပြုကြရန် ကတိကဝတ်များချမှတ်၍ အောက်တိုဘာ ၂၈ ရက်နေ့တွင် အနှစ်ချုပ်အဆုံးသတ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌ ဘရူနိုင်း ဘုရင် Haji Hassanal…

အမျိုးသားညီညွတ်ရေးအစိုးရကို ဘိုင်ဒန်အသိအမှတ်ပြုရမည်

ကိုဗစ်ကြောင့် လူသေဆုံးမှုများခဲ့သောမြန်မာနိုင်ငံတွင် စီးပွားရေးကလည်း ပြိုလဲလုနီးပါးဖြစ်နေသည်။ အမျိုးသား ညီညွတ်ရေးအစိုးရက စစ်အာဏာရှင်များကိုစစ်ကြေညာပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းပဋိပက္ခက အရှိန်အမြှင့် ဆုံးထိရောက်လာခဲ့သည်။ အာဏာသိမ်းမှုကြောင့် အရပ်သား ၁ ထောင်ကျော်သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၇ ထောင်ကျော်ကို မကြာသေးမီကပဲ ထောင်သွင်းအကျဥ်းချခဲ့ပြီး သေဆုံးသူအရေအတွက် နေ့စဥ်တိုးလာနေ သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်များကိုဖမ်းဆီးပြီး စစ်အာဏာသိမ်းယူခဲ့သည့် ၈ လ တာ ကာလအတွင်း မြန်မာစစ်တပ်သည်…

နိုင်ငံရေး မတည်ငြိမ်တာကြောင့် မွန်က ဟိုတယ်လုပ်ငန်းတွေ မဖွင့်နိုင်သေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) မွန်ပြည်နယ်က ဟိုတယ် လုပ်ငန်းအများစုဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ကျော်အကြာ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါကယက်မှာ အများဆုံး ထိခိုက်ခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။ လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းနေပေမယ့် နိုင်ငံရေး မတည်ငြိမ်တာနဲ့အတူ ခရီးသွားဝင်ရောက် တည်းခိုးမှု…

မွန်ပြည်နယ်ထွက် ဝဥ တင်ပို့ဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို အောက်တိုဘာလဆန်းပိုင်းကစပြီး ပိတ်ထားတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဝဥတွေ တင်ပို့ဖို့ အခက်အခက် ရှိနေတယ်လို့ ဝဥကုန်သည်တွေက ပြောပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ဆိပ်ကမ်းတွေက တဆင့် တင်ဖို့ ကြိုးပမ်းရာမှာလည်း လမ်းခရီး ကြန့်ကြာတာ၊ ကုန်ကျစရိတ် ကြီးမြင့်နေမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်…