August 2021

စစ်တပ် ထောက်ခံသူတွေကို လူရွေးပြီး သေနတ် ထုတ်ပေးနေ

မော်လမြိုင်၊ သြဂုတ် ၂၆ မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စစ်တပ် ထောက်ခံသူတွေကို လူရွေးပြီး သေနတ် ထုတ်ပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေထဲမှာ ရောဂါအခံမရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူတွေကို တစ်မြို့နယ် ၃၀ ဦး ရွေးချယ်ပြီး အာဏာသိမ်း စစ်ကောင်စီ ခွင့်ပြုချက်နဲ့ သေနတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။…

ချောင်းဆုံမှာ နံနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မပြု၊ ဒေသခံတွေ မကျေနပ်

မော်လမြိုင်၊ ဩဂုတ် ၂၆ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း) မှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်ကနေ့စပြီး နံနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင် ထွက်ခွင့်မပြုကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းဆုံမြို့နယ်ကိုတော့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ကိုဗစ်ရောဂါ အကြောင်းပြပြီး နေအိမ်အပြင်ထွက်ခွင့်ကို နံနက် ၆ နာရီမှ ၁၀…

တံတားဂိတ်စောင့် လုံခြုံရေးအဖွဲ့ကို အမြှောက်တပ် ဗိုလ်မှူးက ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်

သိမ်ဇရပ်၊ သြဂုတ် ၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား(သစ်)စစ်ဆေးရေးဂိတ် တာဝန်ကျနေတဲ့ လုံခြုံရေးအဖွဲ့ကို အမြှောက်တပ် ဗိုလ်မှူး တစ်ဦးက သြဂုတ် ၂၅ ရက်နေ့ ညပိုင်းမှာ ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ည ၉ နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုဘက်မှ ပဲခူးဘက်ကို မောင်းနှင်းလာတဲ့ လင့်ခရူဆာ အနက်ရောင်ယာဉ် ၁…

တရုတ်စစ်ဘက်မှ ဗီယက်နမ်စစ်တပ်ကို ကိုဗစ်ကာကွယ်ရေး ဆီနိုဖမ် COVID 19 ကာကွယ်ဆေးများပေးပို့

ဟနွိုင်း၊ ဩဂုတ် ၂၄ ဩဂုတ်လ ၂၄ ရက်နေ့တွင် လာရောက်ရန်စီစဥ်ထားသော အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကမ်မာလာဟဲရစ်၏ ခရီးစဥ်မတိုင်ခင် ဩဂုတ်လ ၂၃ ရက်နေ့ တနင်္လာနေ့၌ တရုတ်နိုင်ငံထုတ် ဆီနိုဖမ် COVID 19 ကာကွယ်ဆေးများ ကို တင်ဆောင်ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလေယာဥ်သည် ဗီယက်နမ်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့သည်။ ကာကွယ်ဆေးအလုံးအရေအတွက် ၂၀၀,၀၀၀ အတွက်…

နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေကို စိစစ်ဖို့ စစ်ကောင်စီ ကျန်းမာရေး ညွှန်ကြား

မော်လမြိုင် ၊ ဩဂုတ် ၂၅ ကိုဗစ်တတိယလှိုင်း ကာလအတွင်း နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေကို စိစစ်ဖို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ နယ်လှည့်ဆေးကုသပေးနေတဲ့ အဖွဲ့တွေကို စိစစ်ရာမှာ အဖွဲ့အစည်း မှတ်ပုံတင်၊ ဆရာဝန်၊ သူနာပြု လိုင်စင်နဲ့ ဝန်ဆောင်မှုပေးစဉ် တည်ဆဲ ဥပဒေတွေကို လိုက်နာမှု ရှိ မရှိ စတဲ့ အချက်…

ခံဝန်ဖြင့် လွှတ်ပေးထားသည့် အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီ ထပ်မံ ဖမ်းဆီး

သထုံ ၊ သြဂုတ် ၂၅ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆို ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်ကနေ ခံဝန်နှင့် လွှတ်ပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ အသက် ၃၀ အရွယ် မစုမြတ်နွယ်နှင့် အသက် ၂၈ နှစ်အရွယ် မခေမာတို့ဟာ ထောင်ကနေ…

ထမင်းနပ်မမှန်တော့လို့ တောင်းရမ်းသူတွေ များလာ

မော်လမြိုင် ၊ သြဂုတ် ၂၅ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စီးပွားရေးကြပ်တည်းမှုတွေကြောင့် အခြေခံပြည်သူတွေမှာ ထမင်းနပ်မမှန်တော့တဲ့အထိ စားဝတ်နေရေး ပြသာနာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့အတူ ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် မတတ်နိုင်တော့တဲ့ အောက်ခြေလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် တောင်းရမ်းတာကို ထွက်ပေါက်အနေနဲ့ ရွေးချယ်ခဲ့ကြပါတယ်။ “အိမ်မှာ စားဖို့မရှိတော့လို့ ကျွန်တော်တို့ အလှူလာခံတာ”လို့ မော်လမြိုင် အောက်စျေးပတ်ဝန်းကျင်မှာ…

ချောင်းဆုံမြို့နယ်ကို Stay at Home သတ်မှတ်၊ မွန်မှာ Stay at Home သတ်မှတ်တဲ့ မြို့နယ် ၅ မြို့နယ်ထိ ရှိလာ

ချောင်းဆုံ သြဂုတ် ၂၅ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကို နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်နေ့ ညပိုင်းမှာ ကြေညာလိုက်ပါတယ်။ ချောင်းဆုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ရတာလို့ ဆိုထားပါတယ်။…

ဘီးလင်း PDF စခန်းတစ်ခုသိမ်းဆည်းရမိဟု စစ်ကောင်စီ ထောက်ခံသူတွေ သတင်းအမှား ဖြန့်

ဘီးလင်း၊ သြဂုတ် ၂၅ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ နေရာတစ်ခုမှာ ဘီးလင်း PDF အဖွဲ့နေထိုင်တဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်‌တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီထောက်ခံသူ‌တွေက လူမှုကွန်ယက် facebook နဲ့ Telegram တို့ကို အသုံးပြုကာ သတင်းအမှား ဖြန့်ဝေခဲ့ပါတယ်။ ဘီးလင်း PDF စခန်းသိမ်းဆည်းရမိတဲ့ သတင်းမှာ အသုံးပြုထားတဲ့ ‌ဓာတ်ပုံ‌တွေဟာ…

ကြိုးနီစနစ်ကြောင့် ပတ္တရားကမ်းခြေပြန်လည် ဖွင့်လှစ်ရန် အစီအစဥ်ကြန့်ကြာနေ

ပတ္တယား၊ ဩဂုတ် ၂၅ ကိုဗစ်ကာကွယ်ရေး ကြိုးနီ စနစ်နှင့် နှောင့်နှေးကြန့်ကြာမှုရှိသော ကိုဗစ် 19 ကာကွယ်ဆေးထိုးနှံမှုတို့ကြောင့် ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ခရီးသွားလုပ်ငန်းကို သတ်မှတ်စီစဉ်ထားသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် အလားအလာမရှိနိုင်တော့သဖြင့် ဒေသခံစီးပွားရေးလုပ်ငန်းများက ပြစ်တင်ခဲ့ကြသည်။ ပတ္တယားမြို့ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအသင်း (PBTA) ဥက္ကဌက ပတ္တယားမြို့အား ပြန်လည်ဖွင့်လှစ်ရေး အစီအစဥ်မှာ ရွှေ့ဆိုင်းနိုင်စရာရှိသည်ဟူ၍လည်း…