April 22, 2021

CDM ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ စစ်အုပ်စုက နည်းမျိုးစုံနှင့် ဖိအားပေး

မော်လမြိုင် ၊ ဧပြီ (၂၂) အာဏာသိမ်း စစ်ကောင်စီလက်အောက် လုပ်ငန်းတာဝန်မထမ်းဆောင်တဲ့ CDM ဝန်ထမ်းတွေကို အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းမျိုးစုံနှင့် ဖိအားပေးပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ ပါဝင်နေပါတယ်။ အဆိုပါ CDM…

ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် အကြမ်းဖက် စစ်အုပ်စုက ခပ်စိပ်စိပ် စစ်ဆေးလာ

မော်လမြိုင် ၊ ဧပြီ (၂၂) မော်လမြိုင်မြို့ပေါ်မှာ ဗုံးလို့ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပြီးနောက် မွန်ပြည်နယ် အဝင်အထွက် အပါအဝင် မြို့ပေါ်တွေမှာပါ အကြမ်းဖက် စစ်အုပ်စုက စစ်ဆေးရေးတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေပါတယ်။ ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်းတစ်လျှောက်မှာ စစ်ဆေးရေးတွေ သုံးလေးခုထက်မနည်း ရှိနေပြီး အဝေးပြေးခရီသည်တင်ကားတွေအပါအဝင် အိမ်စီးကားတွေကိုပါ တားဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။ “ပဲခူးမှာ တစ်ခါစစ်တယ်။ ပဲခူးကနေ…

ဧပြီ (၂၆)မှာ NLD ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ရုံးထုတ်မည်

မော်လမြိုင် ၊ ဧပြီ (၂၂) အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဧပြီလ (၂၆)ရက်နေ့မှာ ထပ်မံရုံးထုတ်မယ်လို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။ ဒေါ်မာမာခိုင်နှင့် ၎င်းအမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) နှင့် တရားစွဲဆိုထားပါတယ်။ မတ်လက စတင်ပြီး…