March 2021

ငွေထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့အတွက် အခက်တွေ့

မော်လမြိုင် ၊ မတ် (၃၁) လူပုဂ္ဂိုလ်တွေ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူရာမှာ ပမာဏတွေ ကန့်သတ်ထားတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လူတစ်ဦးဟာ ကိုယ်အပ်နှံထားတဲ့ ငွေကိုထုတ်ယူရာမှာ ATM စက်ကနေ တစ်ရက်ကို အများဆုံး (၅) သိန်း ၊ ဘဏ်ကိုသွားပြီး ငွေစာရင်းကနေ ထုတ်ယူမယ်ဆိုရင် တစ်ပတ်ကို အများဆုံး…

သေနတ်မှန်လို့ ကုသမှုခံယူနေရတဲ့ ကိုမျိုးထိုက်ကို စစ်အုပ်စုက တရားစွဲဖို့ ပြင်ဆင်နေ

မော်လမြိုင် ၊ မတ် (၃၀) စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေနတ်မှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ ပေါင်မြို့က ကိုမျိုးထိုက်ကို စစ်အုပ်စုက ညမထွက်ရအမိန့်ဖောက်ဖျက်မှုနှင့် အမှုဖွင့် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရဲတပ်ဖွဲ့အဝန်းအဝိုင်းက သိရပါတယ်။ ပေါင်မြို့မှာ မတ်လ (၁၉)ရက်နေ့ ည(၁၁)နာရီခန့်က ကိုမျိုးထိုက်နှင့် အဖော်နှစ်ဦးဟာ အပြင်ထွက်သွားလာနေလို့ဆိုပြီး စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို…

စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ

သထုံ ၊ မတ် (၂၉) စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လို့ သထုံခရိုင်အတွင်းမှာ ဖမ်းဆီးခံထားရသူ (၅၀) ဦးထက်မနည်း ရှိပြီးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီအထဲမှာ ကျိုက်ထိုနှင့်သိမ်ဇရပ်က ဆန္ဒဖော်ထုတ်သူတွေ အများဆုံး အဖမ်းခံထားရပြီး ကျန်မြို့နယ်တွေက လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။ အဖမ်းခံထားရသူတွေမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသူတွေ ပါဝင်သလို…

ဒေါ်မာမာခိုင်အား ရုံးထုတ်မည့်ရက်ကို နောက်နှစ်ပတ် ထပ်မံရွှေ့ဆိုင်း

မော်လမြိုင် ၊ မတ် (၂၇) အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား ရုံးထုတ်စစ်ဆေးမယ့်ရက်ကို နောက်နှစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ဒေါ်မာမာခိုင်နဲ့ ၎င်းရဲ့အမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၅)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ပုဒ်မ (၅၀၅)နှင့် အမှုဖွင့် တရားစွဲဆိုထားတာပါ။ ၎င်းတို့နှစ်ဦးကို မတ်လ (၁၂) ရက်နေ့ နှင့် မတ်လ (၂၅)ရက်နေ့တို့မှာ ရုံးထုတ်စစ်ဆေးမယ်ဆိုပြီး အခုတခါ…

မွန်ညီညွတ်ရေးပါတီမှ CEC ၁၅ ဦးအပါအဝင် ပါတီဝင် ၃၃ဦး ထပ်မံနှုတ်ထွက်

မော်လမြိုင်၊ မတ် ၂၆ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးအပါအဝင် ဗဟိုကော်မတီဝင်နှင့် မြို့နယ်အမှုဆောင် စုစုပေါင်း(၃၃) ဦး ဒီကနေ့မှာ ထပ်မံနှုတ်ထွက်ခဲ့ပါတယ်။ ယခုထပ်မံ နှုတ်ထွက်သူတွေထဲမှာ ဗဟိုတွဲဖက်အတွင်းရေးမှူး (၂) ဦး ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၁၃) ဦး ၊ ဗဟိုကော်မတီဝင် (၁၁) ဦးနှင့်…

ညမထွက်ရအမိန့်ကြောင့် ရာဘာအစေးခြစ်လုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ မတ် (၂၆) မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ…

စစ်ကောင်စီနှင့် ပူးပေါင်းလို့ မွန်ညီညွတ်ရေးပါတီဝင် (၂၀)နီးပါး နှုတ်ထွက်

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး မတ်လ (၂၄)ရက်နေ့က နှုတ်ထွက်ခဲ့ကြပါတယ်။ အခုလို နှုတ်ထွက်သူတွေထဲမှာ ဗဟိုအလုပ်အမှုဆောင် (၂) ဦး ၊ ဗဟိုကော်မတီဝင် (၃) ဦး နှင့် မြို့နယ်ကော်မတီဝင် (၁၅) ဦးကျော် ပါဝင်ပါတယ်။…

အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ပြောက်ကျားသပိတ်ကို ပြောင်းလဲဆင်နွှဲ

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိလာလို့ လူထုဟာ ပြောက်ကျားသပိတ်ကို ပြောင်းလဲ ဆင်နွှဲနေကြပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ အစောပိုင်းတုန်းကတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ထောင်သောင်းချီတဲ့ လူထုက လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့ဒီလို ဆန္ဒဖော်ထုတ်မှုတွေကို စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းလို့ ဖမ်းဆီးခံရသူတွေ…

စစ်ကောင်စီနှင့် ပူးပေါင်းလို့ မွန်ညီညွတ်ရေးပါတီဝင် (၂၀)နီးပါး နှုတ်ထွက်

မော်လမြိုင် ၊ မတ် (၂၅) အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေ အပါအဝင် ပါတီဝင် (၂၀) နီးပါး မတ်လ (၂၄)ရက်နေ့က နှုတ်ထွက်ခဲ့ကြပါတယ်။ အခုလို နှုတ်ထွက်သူတွေထဲမှာ ဗဟိုအလုပ်အမှုဆောင် (၂) ဦး ၊ ဗဟိုကော်မတီဝင် (၃) ဦး နှင့် မြို့နယ်ကော်မတီဝင် (၁၅) ဦးကျော် ပါဝင်ပါတယ်။…

NLD ကိုယ်စားလှယ် (၁၆)ဦးကို ပုဒ်မ ၅၀၅ နှင့် စစ်ကောင်စီ အမှုဖွင့်

မော်လမြိုင် ၊ မတ် (၂၄) မွန်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် (၁၆) ဦးကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ (၅၀၅) နှင့် အမှုဖွင့် တရားစွဲဆိုထားပါတယ်။ အမှုဖွင့်ခံရသူတွေထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတော့ ဖမ်းဆီးခံထားရပြီး ကျန်တဲ့ကိုယ်စားလှယ်တွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။…