December 29, 2018

ရာဘာစက်ရုံတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်ဒေသခံတွေဘယ်လိုခံစားနေကြရလဲ ??

မော်လမြိုင် ဒီဇင်ဘာ ၂၈ မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာနဲ့မြို့မ(၂)ရပ်ကွက်အနီးမှာ နေထိုင်သူတွေဟာ လေထု၊ရေထု ညစ်ညမ်းတာတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရာဘာစက်ရုံတွေက ချောင်းတွေထဲကိုစွန့်ပစ်လိုက်တဲ့ အရည်တွေကြောင့် ဒီလိုသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်လာရတာလို့ ဒေသခံတွေကဆိုပါတယ်။ ရိုက်ကူး – နောင်ခန့်

လိုင်စင်မဲ့နှင့်စည်းကမ်းပျက်မော်တော်ယာဉ်တွေကိုဖမ်းဆီးအရေးယူရန်ရက်(၁၀၀)စီမံချက်ပြုလုပ်သွားမည်

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စည်းကမ်းပျက်မော်တော်ယာဉ်တွေကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ပြီးတော့ ဖမ်းဆီးအရေးယူမှုတွေပြုလုပ်သွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ အဆိုပါစီမံချက်ကို သုံးလကြာပြုလုပ်သွားမှာဖြစ်ပြီး မွန်ပြည်နယ် ၁၀မြို့နယ်မှာ တစ်ပြိုင်တည်းပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ရိုက်ကူး – နောင်ခန့်