ကျိုက်ထီးရိုးစေတီတော်ကိုအမှီပြု၍အသက်မွေးကြရသူများ
ကျိုက်ထီးရိုးစေတီတော်ကိုလာရောက်ဖူးမြော်ကြသည့် သက်ကြီးရွယ်အိုတွေ အားထားရတာကတော့ အထမ်းသမားများကိုပဲဖြစ်ပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမား အမျိုးသား ၇၁၈ ဦး ၊ အမျိုးသမီး ၂၅၈ ဦး လုပ်ကိုင်နေကြတာပါ။ ကျိုက်ထီးရီုးစေတီမုဒ်ဝကားဂိတ်ကနေ ရင်ပြင်တော်ဆီကို လူတစ်ဦးကို အခကြေးငွေ (၂၀၀၀၀) ကျပ် ၊ အထုပ်အပိုးတွေဆိုရင် အခကြေးငွေ (၅၀၀၀) ကျပ်ဖြင့် သယ်ဆောင်ပေးကြတာပါ။ “သုံးရက်မှတစ်ခေါက်ထမ်းရတာ တစ်ခါထမ်းပြီးနှစ်ရက်နားပေါ့ နားတဲ့ရက်ဆို တောတက်ထင်းခွေလုပ်ရတာပေါ့…