March 2018

စစ်တောင်းစက္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြ

မော်လမြိုင်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက်က္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်သားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ Korea Industrial Complex…

စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြော

မော်လမြိုင်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းသည် လုပ်ငန်းလိုင်စင် မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ပြောသည်။ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းထားပြီးဖြစ်သည့် အပန်းဖြေစခန်းများ၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်ဥပဒေအရ ကော်မတီများဖွဲ့စည်းခြင်း၊ ခွင့်ပြုချက်လိုင်စင်များထုတ်ပေးခြင်းများကို ဆောင်ရွက်ခွင့်ရှိရာ ဥပဒေအရ သဘောတူခွင့်ပြုချက် လိုင်စင်များထုတ်ပြန်ပေးခဲ့သည့် လုပ်ငန်းများအခြေအနေကို သထုံမြို့နယ်၊ မဲဆန္ဒနယ်မြေ(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်…

မွန်ပြည်သစ်ပါတီဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

ရေး ၊ မတ် ၂၆ မွန်ပြည်သစ်ပါတီကဦးဆောင်ကျင်းပမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရေးမြို့မှာပြုလုပ်ရန် လျာထားခဲ့ပေမယ့် အဆိုပါအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲများပြုလုပ်ရန် လိုအပ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း မွန်ပြည်သစ်တပ်တည်နေရာတွေမှာ လူထုတွေ့ဆုံရှင်းလင်းပွဲလုပ်ရန် ယခုလအစောပိုင်းက စီစဉ်ခဲ့သော်လည်း တပ်မတော်မှ လူဦးရေကန့်သတ်မှုအပေါ် နားလည်မှုရအောင် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်…

နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း မဟုတ်ဟု ဦးကိုကိုကြီး ပြော

မော်လမြိုင်၊ မတ် ၂၅ နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်း မဟုတ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (မွန်ပြည်နယ်)ရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။ “နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းလေ အဓိပ္ပါယ်ဖွင့်ရင် နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုပေးတာပါပဲ။ တကယ်တော့ နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်းမဟုတ်ဘူး။…

ရဲတပ်ဖွဲ့နှင့် အခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်ပါက မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များမှ အခွန်များစွာ ရရှိနိုင်သည့် ဟုဆို

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ မော်လမြိုင်၊ မတ် ၂၅ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ်အခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်ပါက မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များမှ ပြည်နယ်အတွက် အခွန်များစွာ ရရှိနိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ သံထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။ “ဘာကြောင့်လဲဆိုတော့ နံပါတ်တစ်က တည်ခိုးတဲ့သူတွေရဲ့စာရင်းအစ နေ့စဉ် နယ်မြေခံရဲစခန်းကို…

၆ကြိမ်မြှောက်တိုင်းရင်းမီဒီယာညီလာခံကို ဘားအံမြို့တွင်ကျင်းပမည်

Burma News International(BNI) မှ တိုင်းရင်းမီဒီယာညီလာခံကို 2013 ခုနှစ်မှ စတင်ပြီး တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။ ၆ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၈ ခုနှစ် ဧပြီ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ တိုင်းရင်းမီဒီယာညီလာခံတွင် စာတမ်းများကိုလည်း ဖတ်ကြားသွားမည်…

မွန်ပြည်သစ်နှင့် KNU တို့ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

မော်လမြိုင်၊ မတ် ၁၄ ဘုရားသုံးဆူမြို့၊ မွန်ပြည်သစ်ဆက်ဆံရေးရုံးတွင် မတ်လ ၁၃ ရက်နေ့၌ မွန်ပြည်သစ်ပါတီနှင့် KNU တွေ့ဆုံခဲ့စဉ် နှစ်ဘက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်သွားရန် ညှိနှိုင်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။ “ကျွန်တော်တို့အဖွဲ့ ၂ ဖွဲ့နဲ့ အတူ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံတွေ ပါဝင်ပြီး…

သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်

မော်လမြိုင်၊ မတ် ၁၄ မြန်မာပင်လယ်ပြင်၏ ငါးသယံဇာတကို ရေရှည်ထုတ်ယူနိုင်ရန် ယခုနှစ် မေလ ၁၅ ရက်မှ သြဂုတ်လ ၁၆ ရက်နေ့ထိ ငါးဖမ်းရာသီတွင် ငါးဖမ်းခွင့်ပိတ်လိုက်သဖြင့် ငါးဖမ်းခွင့် ရာခိုင်နှုန်းအနည်းငယ် ပြန်လည်ခွင့်ပြုပေးရန် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များ မတ် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနသို့ သနားခံစာတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ငါးလုပ်ငန်းရှင်များထံမှ သိရသည်။ “ကျွန်တော်တို့…

ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆုကို အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောာင်သည့် မွန်တိုင်းရင်းသူ ဒေါ်ခင်သန်းထွေရရှိ

အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူ ဒေါ်ခင်သန်းထွေး မော်လမြိုင်၊ မတ် ၁၃ ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆိုကို လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် မွန်တိုင်းရင်းသူတစ်ဦးဖြစ်သည့် အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူ ဒေါ်ခင်သန်းထွေးရရှိကြောင်း သိရသည်။ ဒေါ်ခင်သန်းထွေးသည် မော်လမြိုင်မြို့အခြေစိုက် မွန်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးများနှင့် ကလေး သူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ၏ ပြည်နယ်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်ပြီး အမျိုးသမီးရေးရာကော်မတီဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ပါသည်။ “ဒီဆုကိုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ တကယ်တော့ ဒီလူ့အခွင့်အရေးကာကွယ်စောင့်…