ဂိုးသွင်းကောင်းလို့ ကလေး(၅) ယောက်အထိရှိလာတဲ့ ဗာဒီ

0
17534

လက်စတာစီးတီး တိုက်စစ်မှူး ဂျိမ်းမီး ဗာဒီဟာ ဘောလုံးကွင်းထဲမှာပဲ ဂိုးသွင်းကောင်းတာ မဟုတ်ပါဘူး။ အပြင်မှာလည်း ဂိုးသွင်းကောင်းသူတစ်ဦးလို့ဆိုရမှာပါ။ ဇနီးဖြစ်သူ ရီဘက်ကာ နဲ့ ဆိုဖီယာ ဆိုတဲ့ သမီးလေးရရှိထားပြီး သူတို့ဇနီးမောင်နှံအတွက်

နောက်ထပ်ရင်သွေးတစ်ဦးရရှိတော့ မှာဖြစ်ပါတယ်။ ဒါကြောင့် ဗာဒီက သူ့ရဲ့ တွစ်တာမှာ “ချစ်စရာကလေးငယ်လေးရောက်ရှိ လာတော့မှာ ဖြစ်တဲ့အတွက် လကမ္ဘာကို ရောက်သွားသလို ပျော်ရွှင်မိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါဟာ သူတို့ဇနီးမောင်နှံအတွက်ဒုတိယမြောက်ရင်သွေးဖြစ်ပေမယ့်လည်း (၅)ယောက် မြောက် ကလေးလို့လည်းဆိုနိုင်ပါတယ်။

ဗာဒီဟာ အရင်ဇနီးဟောင်းနဲ့လည်း အယ်လာဆိုတဲ့ ကလေးတစ်ယောက်ပိုင်ဆိုင်ထားသလို ဇနီးသည် ရီဘက်ကာ ကလည်းအရင် ခင်ပွန်းဟောင်းနဲ့ ကလေးနှစ်ဦး ပိုင်ဆိုင်ခဲ့လို့ပါပဲ။
image1
ဗာဒီရဲ့ကလေးတွေနဲ့ မယားပါသားသမီးတွေပါ ပေါင်းလိုက်ရင် ဗာဒီက ကလေး(၅) ဦးအထိ ရရှိထားသူလို့ပဲ ဆိုရမှာပါ။

TU Arkar Min

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.