|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၁၆

ထားဝယ်တွင်ညဘက် ဆိုင်ကယ်အား အရှိန်ပြင်းစွာ မြွေလိမ်မြွေကောက် အရှိန်ပြင်းစွာစီးနင်းသူများကို အောက် တိုဘာလ တတိယအပတ်မှစကာ စစ်ဆေး အရေး
ယူတော့မည်ဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ဆိုင်ကယ်ကို အများပြည်သူ အန္တရာယ်ဖြစ်စေသည်အထိ အရှိန်ပြင်း စွာ မြွေလိမ်မြွေကောက် စီးသူများနှင့် ပါဝါအိတ်ဇော၊ အိတ်ဇော ဖွင့်မောင်းနှင် သူများကို ရပ်ကင်းများချကာ စောင့် ကြည့်ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး က ပြောသည်။

“ရဲတပ်ဖွဲ့အင်အားနည်းတော့ လုပ် တာတော့ အခက်အခဲ နည်းနည်းရှိတယ်၊ ဖြစ်အောင်တော့ လုပ်သွားမယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
ယင်းကဲ့သို့ ဆိုင်ကယ် ပရမ်းပတာ မစီးကြရန် မိဘများဘက်ကလည်း ထိန်း သိမ်းဆုံးမရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့အတွင်း စည်းကမ်းမဲ့ လူအုပ်ကြား အရှိန်ပြင်းစွာ မောင်းနှင်ခြင်းနှင့် ပါဝါအိတ်ဇောတပ် မောင်းနှင် ခြင်းတို့ကြောင့် ပြည်သူများ လမ်းသွားရမည်ပင် စိုးရိမ်နေရပြီး သက် ဆိုင်ရာမှ အရေးယူမှု အားနည်းနေသည့် အပေါ် ပြည်သူများအကြား ဝေဖန်မှုမြင့် တက်လျက်ရှိသည်။

လာမည့် ပွင့်လင်းရာသီ(သီတင်းကျွတ်ရာသီကဲ့သို့) လူစည်ကားသည့် ပွဲတော်အချိန်များတွင် စိုးရိမ်ဖွယ်ကောင်း ကြောင်း ထားဝယ်မြို့ဝဲကျွန်းထိန် ဟောင်းရပ်ကွက်နေ ကိုအောင်သူက ဆိုသည်။

ထားဝယ်တွင် အရှိန်ပြင်းထန်စွာ မောင်းနှင်ပြီး လမ်းပေါ်တွင် အေးချမ်း စွာသွားလာသူများကို ဝင်တိုက်မှုများကြောင့် သေဆုံး ဒဏ်ရာရမှုများရှိခဲ့သည်။

လက်ရှိအချိန်တွင် ယာဉ်ထိန်း ရဲများက ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကိုသာ ဖမ်းဆီးမှုများ တစ်ခါ တစ်ရံ လုပ်ဆောင် လေ့ရှိပြီး အရှိန်ပြင်း ပြင်းမောင်းနှင်မှုနှင့် အိတ်ဇောပိုက်ဖြုတ် (သို့)ပါဝါအိတ်ဇောတပ် စည်းကမ်းပျက် ယာဉ်အရေးယူမှု မရှိခြင်းအပေါ် ပြည် သူများအကြား ဝေဖန်လျက်ရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.