|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၁၆

ထားဝယ်ခရိုင် ၄ မြို့နယ်တွင် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌများအဖြစ် NLD အဖွဲ့ဝင်များ အရွေးခံခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထားဝယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ် အမှု ဆောင် အတွင်းရေးမှူး ဦးလှဦး၊ ရေဖြူတွင် မြို့နယ်အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါ်ဖြူဖြူအေး၊ လောင်းလုံးတွင် ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန့်လွင်နှင့် သရက်ချောင်းတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းမြင့် တို့ရွေးချယ်ခံခဲ့ရသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးကို သက် ဆိုင်ရာ ရပ်ကွက်များ၏ ကိုယ်စားလှယ် လောင်းများ၏ မဲဖြင့် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

မဲဖြင့်ရွေးချယ်ခံခဲ့ရသည့် အဖွဲ့ဝင် အများစု သည်လည်း NLD ပါတီဝင် များ ဖြစ်ကြကြောင်း သိရသည်။

မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင် တို့ရှိ မြို့နယ်များတွင်မူ မြိတ်မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ နေရာမှအပ ကျန်နေရာ များသည် ကြံ့ခိုင်ရေးပါတီ၊ တ.စ.ည ပါတီဝင်များနှင့် မည်သည့် ပါတီမှ မဝင်ထားသူများ အရွေးချယ် ခံခဲ့ရကြောင်း သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရ သည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ စာရင်းကို သက် ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ ထားပြီးဖြစ်ပြီး တိုင်းအစိုးရ၏ အတည် ပြု ချက်ရရှိပါက အဆိုပါကော်မတီများ စတင်အသက်ဝင် မည်ဖြစ်သည်။
%e1%80%91%e1%80%ac%e1%80%b8%e1%81%80%e1%80%9a%e1%80%b9%e1%80%85%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b1%e1%80%9b%e1%80%bc%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%80%e1%80%b9%e1%80%95
မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများစာရင်း

ဦးလှဦး(ထားဝယ်) ၊ ဦးသန့်လွင်(လောင်းလုံး)
ဦးသန်းမြင့် (သရက်ချောင်း)၊ ဒေါ်ဖြူဖြူအေး (ရေဖြူ)
ဦးမြတ်ကိုကို(မြိတ်)၊ ဦးအောင်ကျော်မိုး(ကျွန်းစု)
ဦးမင်းဝေ(တနင်္သာရီ)၊ ဦးတင်စိုး(ပုလော)
ဦးတင်မြင့်(ကော့သောင်း)၊ ဦးလှဝင်း(ဘုတ်ပြင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.