သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ အမဲသားနှင့် ရှောက်နူရွက်ပဲ ဖြစ်ပါတယ်။
ရေစင်စင်ဆေးထားသော အမဲသားကို အနေတော်တုံးပါ။ တုံးထားသောအမဲသားကို ဆား၊ ဆနွင်း၊ မျှင်ငပိများ နှင့်ရောနယ်ပါ။ ကြက်သွန်နီ/ဖြူ၊ ဂျင်း၊ ငရုပ်ကောင်း၊ ငရုပ်သီး၊ ပတဲကော ရောထောင်းပါ။ ထောင်းထားသော ငရုပ်ကြက်သွန်များကိုဆီသတ်ပါ။ နယ်ထားသောအမဲသားထည့်ပါ။ အားလုံးသမအောင်မွှေပါ။ အရွက်လိုက် ရှောက်နူရွက်ကို ထည့်ပါ။ ရေကို အသားမြုပ်ရုံခန့်ထည့်ပြီး အဖုံးအုပ်ပါ။ ရေခန်းလျှင် ရေထပ်ထည့်ပြီး အသားနူး သည်အထိချက်ပါ။ အသားနူးလျှင် ရှောက်နူရွက်ကိုပါးပါးလှီးထည့်အုပ်ပါ။ ရှောက်နူရွက်အနံ့ သင်းသင်းနှင့် အမဲသားချက်ရပါပြီ။
ပါဝင်သောပစ္စည်းအမျိုးအစားများ
၁။ အမဲသား(၄၀)ဆယ်သားခန့်
၂။ ငရုပ်သီးမူန့်
၃။ ဆား၊ ဆနွင်း
၄။ ပဒဲကော
၅။ ငရုပ်ကောင်း
၆။ ရှောက်နူရွက်
၇။ မျှင်ငပိတို့ဖြစ်ပါသည်။