၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မွန်အမတ် ၂ ဦး ထပ်နိုင်

0
17447

၁၉၉၀ ရွေးကောက်တုန်းက အနိုင်ရရှိထားခဲ့သည့် မွန်အမတ် ၂  ဦးစလုံး ယခုရွေးကောက်ပွဲတွင်လည်း ထပ်နိုင်သွားသည်ဟု မြို့နယ်ကော်မရှင်၏ မဲရေတွက်မှုရလဒ်အရ သိရသည်။
အနိုင်ရရှိသည့် ၉၀ မွန်အမတ်ဟောင်း ၂ ဦးမှာ မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာမင်းကြည်ဝင်းနှင့် ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ပြိုင်သည့် ဒေါက်တာမင်းစိုးလင်းတို့ ဖြစ်သည်။
ယင်းမွန်အမတ်ဟောင်း ၂ ဦးမှာ မွန်အမျိုးသားကိုယ်စားပြုဖြင့် ဝင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မွန်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲက မွန်အမျိုးသား ဒီမိုကရေစီပါတီအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာ အနိုင်ရရှိထားခဲ့သည့် ပါတီဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၅ ဦးအနက်မှ ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်းတို့ ၂ ဦးသာ ပြန်လည် အရွေးခံခဲ့ကြသည်။
မွန်အမျိုးသားပါတီသည် လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ် ၉ မြို့နယ်တွင် ကိုယ်စားလှယ် ၃၄ နေရာအပြင် ကရင်ပြည်နယ် ဘာအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ၁၄ နေရာနှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ရေဖြူမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် ၅ နေရာ စုစုပေါင်း ၅၃ နေရာ ဝင်ပြိုင်ခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.