အယ်ဒီတာ့ အာဘော်

မရေရာနေသေးသော မွန်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်ထောင်စုအစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် လုပ်ငန်းစဉ်များ၊ နည်းဗျူဟာများချမှတ်ကြေငြာနေခဲ့သော်လည်း မွန်ပြည်နယ်အစိုးရ၏ မွန်ပြည်နယ်ဖွံ့ဖြိုးရေး <!--more--> လုပ်ငန်းစဉ်များကား ဘယ်ဆီဘယ်ဝယ်မှန်းမသိရသေးပေ။ တစ်ပြိုင်နက်ထဲတွင် မွန်ပြည်နယ်သို့ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန် ကုမ္ပဏီကြီးငယ်တို့ အစိုးရအဖွဲ့ရုံးတွင် ခြေခြင်းလိမ်ဝင်ထွက်နေကြသည်။ ကောင်းမွန်သန့်ရှင်းသောရေ၊ လုံလောက်သောလျှပ်စစ်၊ အပန်းဖြေအနားယူစရာ၊ စက်ရုံကြီးအထွေထွေ တို့ဖြင့် အပြိုင်းအရိုင်းလာရောက်ချဉ်းကပ်လျက်ရှိသည်။ ယင်းကဲ့သို့ အထွေထွေဝင်ရောက်နေသော ဖွံ့ဖြိုးရေး၊ စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် မွန် ပြည်နယ်အစိုးရတွင် ပြည်နယ်နှင့် ကိုက်ညီသော…

အပြောင်းအလဲကို ရဲရဲတင်းတင်းလုပ်ပါ

ရန်ကုန်တိုင်းအစိုးရကား အပြောင်းအလဲတစ်ခုပြီးတစ်ခု ရဲရဲတင်းတင်းပြုလုပ်နေကြောင်း သတင်းတွေ က ကြားသိရသည်။ အပြောင်းအလဲတစ်ခုခြင်းစီတိုင်းအတွက် အားပေးခြင်း၊ ထောက်ခံခြင်းရှိသလို ကန့်ကွက် ခြင်း၊ ရှုံ့ချခြင်းများလည်းရှိသည်။ ကောင်း၏ <!--more--> မကောင်း၏ထက် အပြောင်းအလဲကို ရဲရဲတင်းတင်းဖြင့် ဆောင် ရွက်လိုက်ခြင်းကား ရန်ကုန်တိုင်းအစိုးရအတွက် အမှတ်တက်စေသည်။ ရန်ကုန်တိုင်းအစိုးရ၏ ထိုးဖောက်ဆောင်ရွက်ချက်နှင့်အတူ လူမှုကွန်ရက်စာမျက်နှာတွင် အမေးရှိလာ သည်ကား မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်တစ်ဦးထဲ ရှိနေသည်လား ဆိုသည်ပင်ဖြစ်သည်။…

ပြုစုပျိုးထောင် အသိအမှတ်ပြုရေး

ထိုင်းနိုင်ငံရုပ်သံလိုင်းတစ်ခု၏ တင်ဆက်မှုကြောင့် ထိုင်းနိုင်ငံရောက် ကော့ဘိန်းက (၇)နှစ်အရွယ် မွန်လူငယ်တစ်ဦး၏ ဘောလုံးအားကစားစွမ်းရည်ပြသမှု မြန်မာပရိတ်သတ်များအကြား ရေပန်းစားလာခဲ့သည်။

အသေးစား၊ အလတ်စားလုပ်ငန်းငယ်တွေအတွက် စဉ်းစားပေးပါ

နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ မွန်ပြည်နယ်အစိုးရထံသို့ တွေ့ဆုံမှုများ ခပ်စိတ်စိတ်ရှိနေသည်။ လာရောက်တွေ့ဆုံသော လုပ်ငန်းများကို လေ့လာသော် ရင်းနှီးမြုပ်နှံမှုကို အခြေပြုပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်း များ၊ ဘိလပ်မြေဆိုင်ရာလုပ်ငန်းများနှင့် <!--more--> အခြားသော လုပ်ငန်းကြီးများဖြစ်ကာ ငွေကြေးအရင်းအနှီးများများ၊ စနစ်ကျတော စီမံမှုများဖြင့် လာရောက်ရှင်းလင်းလျက်ရှိ နေသည်။ ရှင်းလင်းမှုများအားလုံးအပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က မည်သို့မည်ပုံကိုင်တွယ်မည်ကို တိကျစွာမသိရသော်လည်း တွေ့ဆုံမှုအပေါ် မွန်ပြည်နယ်အစိုးရက…

မှန်သတင်း၊ မမှန်သတင်းနှင့် ဝန်ကြီးချုပ်

ဝန်ချုပ်နှင့် အယ်ဒီတာ့အာဘော်ကိစ္စ ခေတ်စားနေသည်။ ကြောက်ကြောက်နှင့် ရေးသည့်စာဟု ဆိုပါရစေ။ မွန်ပြည်နယ်အစိုးရသတင်းက တစ်နေ့တစ်မျိုးမရိုးရအောင် ပြည်သူကြားထဲ လှုပ်ရှားနေသည်။ အထူးသဖြင့် ဝန်ကြီးချုပ်ဦးမင်းမင်းဦး၏ အရေးကိစ္စဆိုလျှင် ပိုပြီးစိတ်ဝင်စားကြသည်။ <!--more--> လူမှုကွန်ရက်စာမျက်နှာအားကောင်းသည့်ကာလဖြစ်သည့်အားလျော်စွာ အတင်းရော၊ အဖျဉ်းရောစုံ လင်လှသည်။ လူသားသဘာဝမဟုတ်သတင်းဆိုလျှင် ပိုပြီးခုံမင်တတ်ကြသည်။ ဒီနေရာတွင် စိတ်ဝင်စားမှုအရှိန် အမြင့်ဆုံးသတင်းမှာ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်မည်ဆိုသည့် သတင်းပင်ဖြစ်သည်။ နေ့ခြင်းညခြင်းကြိးမား ကျယ်ပြန့်လာသော သတင်းအနေအထားအရ မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့…

မှတ်ကျောက်တင်ခံ နိုင်ငံရေးသမားဖြစ်ဖို့

နိုင်ငံရေးသမားဟူသည် တိုင်းပြုပြည်ပြုကိစ္စရပ်များကို အဓိကထားဦးတည်လုပ်ကိုင်သော ပညာရှင်ဆန် သည့် လုပ်ငန်းလုပ်ကိုင်သူဟု အလွယ်အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။ <!--more--> မြန်မာပြည်တွင် နိုင်ငံရေးသမားများ ပုံစံအမျိုးမျိုးကို ခေတ်အမျိုးမျိုးတွင် တွေ့နိုင်သည်။ သို့သော်လည်း ပညာရှင်ဆန်စွာလုပ်ကိုင်သည့် နိုင်ငံရေးသမားများကား နည်းပါးလှစွာဟု စောဒကတက်ချင်သည်။ ရောင်စုံနိုင်ငံ ရေးသမားများ ကြီးစိုးသောကာလ၊ လက်နက်အားကိုး နိုင်ငံရေးသမားကြီးစိုးသောကာလ၊ ဖိနှိပ်ခြိမ်းခြောက်မှု အားကိုးသော နိုင်ငံရေးသမားကြီးစိုးသောကာလများအပြင် အနစ်နာခံအညတြနိုင်ငံရေးသမားများလည်း ရှိကြ သည်။ မည်သို့ပင်ဆိုစေကာမူ…

အိမ်မက်အလွန် ခရီးရှည်

ဘဝက တိုတောင်းလှသည်ဆိုလျှင် နေ့စဉ်ဖြတ်သန်းနေမှုက ရှည်လျားသည်ဟု ဆိုချင်သည်။ ဒုက္ခတွေ ကြားက ရှင်သန်ထမြောက်ရတဲ့သူတွေအဖို့ အခက်အခဲက ခရီးရှည်လှသည်။

ဆန်စင်ရာ ကျည့်ပွေ့လိုက်ခြင်းဖြင့် အလုံးစုံပြီးမြောက်မှုမဖြစ်နိုင်ပါ။

သုံးလသားကျော် မွန်ပြည်နယ်အစိုးရ၏ အခြေအနေကို တစ်စိတ်တစ်ပိုင်းခန့်မှန်းရသော် ပြောင်းလဲ တိုးတက်မှု အခြေအနေတစ်ချို့ကို တွေ့မြင်လာရပြီး ပြည်သူနှင့် ထိတွေ့မှုပိုမိုများပြားလာသည်ကို တွေ့ရှိလာ ရသည်။

ဒေသတွင်း မီဒီယာတွေ တည်ရှိစေရေး သက်ဆိုင်သူများ အလေးပေးစေချင်သည်

သတင်းလွတ်လပ်ခွင့်အတန်အတင့်ရလာသည်နှင့် အမျှ သတင်းမီဒီယာကို လုပ်ကိုင်လာသူများ အပြိုင်း အရိုင်းပေါ်ထွက်လာသည်။ ထိုအထဲကမှ ဒေသတွင်း မီဒီယာများ အတော်လေးပေါ်လာသည်။

လုပ်ပိုင်ခွင့်အလွဲသုံးမှုများကို မွန်ပြည်နယ်လွှတ်တော်မှ တရားဝင်ရှုံ့ချဖို့လိုသည်

ယခင်မွန်ပြည်နယ်အစိုးရလက်ထက်နောက်ဆုံးသက်တမ်းတွင် အလျင်စလိုဖွင့်လှစ်သွားသော မော်လမြိုင်ကမ်းနားလမ်းအဆင့်(၆)မှာ မိုးအဝင်ကာလတွင်ပင် လမ်းပေါ်ရေကျော်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ပြည်သူ များအကြားဝေဖန်မှုအကြီးအကျယ်ရှိလာခဲ့သည်။