KNU သထုံခရိုင်က စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်း မလုံလောက်မှုနဲ့ ကြုံနေရ

သထုံ ၊ သြဂုတ် (၁၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းသားဦရေ များလာတာကြောင့် စာရေးကိရိယာ၊ စာသင်ခုံ၊ စာသင်ဆောင် အပါအဝင် သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေကို ကြုံနေရတယ်လို့ KNU သထုံခရိုင် ပညာရေးဌာန တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့…

စစ်အာဏာသိမ်း ရက် (၅၅၇) အတွင်း သတ်ဖြတ်ခံရသူ ၂၁၈၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၁၂ AAPP ၏ ဩဂုတ်လ (၁၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၇)အတွင်း ပြည်သူ (၂၁၈၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ကို AA သတိပေး၊ မလိုက်နာ ရက္ခိတလမ်းစဉ်နဲ့အညီ ကိုင်တွယ်မယ်

စစ်တွေ ၊ သြဂုတ် (၁၂) ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ကောင်စီအလိုကျ ပြည်သူလုထုကို ဆက်လက် ဒုက္ခပေးနေမယ်ဆိုရင် တော်လှန်ရေး လိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက သတိပေးလိုက်ပါတယ်။ သြဂုတ် ၁၁ ရက်နေ့က ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ…

တနင်္သာရီမှာ လူမှုကယ်ဆယ်ရေးအသင်း တချို့ ယာယီရပ်နား

တနင်္သာရီ ၊ သြဂုတ် (၁၂) တနင်္သာရီတိုင်းဒေသကြီးတို့မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိလာတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းတချို့ ယာယီရပ်နားလာကြတယ်လို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူမှုကယ်ဆယ်ရေးအသင်းတွေဟာ စစ်တပ် အာာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊အလှူငွေ ရရှိမှု နည်းပါးလာတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ယာယီရပ်နားလာကြတာ ဖြစ်ပါတယ်။ သက်တမ်း…

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက အရပ်သားနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာ

ဒီမော့ဆို ၊ သြဂုတ် (၁၂) ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း တိုက်ပွဲမရှိတဲ့ လွိုင်လင်လေးမြို့ နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာကို စစ်ကောင်စီက…

တရားမဝင်အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန်သပိတ်အင်အားစု ချီတက် သပိတ်မှောက်

မန္တလေး – ဩဂုတ်(၁၁) ဒီနေ့ ဩဂုတ်လ(၁၁) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီ တွေ့ဆုံ

မော်လမြိုင် – ဩဂုတ်(၁၁) အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီ နဲ့ မွန်ပြည်နယ် အတိုင်ပင်ခံ ကောင်စီတို့ အလွတ်သဘောတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲမှာ မဟာမိတ်ဆက်ဆံရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ စုပေါင်းဦးဆောင်မှုနဲ့ ပါဝင်စုဖွဲ့ထားမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်င့ရေးရည်ရွယ်ချက်၊နိုင်ငံရေးလမ်းပြမြေပုံ၊လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်များကိုနှစ်ဘက်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပြီး…

မျိုးဆက်သစ်ရဲ့အားနဲ့မာန် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန်

ယင်းမာပင်- ဩဂုတ်(၁၁) မျိုးဆက်သစ်သွေးစည်းညီညွတ်မှု ခေတ်အဆက်ဆက်အတွက် ကမ္ဘာတစ်ခု ဖန်တီးခြင်းနဲ့ “မျိုးဆက်သစ်ရဲ့ အားနဲ့မာန်ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ရန်” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက ဦးဆောင်ကာ မျိုးဆက်သစ်လူငယ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ယူမှရမယ်လို့မွန်လူမျိုး NUG ဝန်ကြီး နိုင်သုဝဏ္ဏ ပြောဆို

မော်လမြိုင် – ဩဂုတ်(၁၁) ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ယူမှ ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မွန်လူမျိုး အလုပ်သမား ဝန်ကြီး နိုင်သုဝဏ္ဏက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ဩဂုတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်ကိုင်တော်လှန်ခြင်း(၇၅) နှစ်ပြည့် မှာ ပြောဆိုခဲ့တာပါ။ “ရဲမွန်အပေါင်း တို့ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရမယ်။ယွံသ္ဂံင်တအ်…..အခေါင်အရာဇကုဂှ်ဇကုဟေင်…