၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ နိုင်ငံရေးအမြင်သဘောထားများ
၂၀၂၂ ခု ဖေဖော်ဝါရီလ(၁၆) ရက်သည်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ပြီး မွန်တစ်မျိုးသားထုတစ်ရပ်လုံး၏ တန် ဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ် ဖြစ်သည်၊ သမလ၊ဝိမလ ညီနောင်နှစ်ပါး ဟံသာဝတီမွန်နိုင်ငံတော် ထူထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခု တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသားနေ့အခမ်းအနားကို စည်းကားသိုက်မြိက်စွာ ကျင်းပလာခဲ့ကြသည်မှာ ယနေ့ဆို (၇၅)နှစ် ပြည့်ပြီး ဖြစ်သည်။ မွန်လူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိသွေး၊…
စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာတာကြောင့် မွန်က ကုန်တင်ကားတွေ ရပ်နားလာ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) မွန်ပြည်နယ်အတွင်းက ကုန်တင်ကားတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာမှုနဲ့ အတူ တင်ပို့နေတဲ့ ကုန်ပစ္စည်း ရှားပါးလာတဲ့အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေက ပြောပါတယ်။ ကုန်ပစ္စည်းတင်ပို့ရာမှာ အဓိက အသုံးပြုနေရတဲ့ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ တစ်လီတာကို ကျပ် ၁၉၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာပါတယ်။…
စစ်ကောင်စီ ကော်မရှင်ရဲ့ ငွေစာရင်း စစ်ဆေးမှုကို လက်မခံကြောင်း SNLD ပါတီ တုံ့ပြန်
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေ၊ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေ စစ်ဆေးဖို့ ဆင့်ခေါ်မှုကို လက်မခံဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့အနေနဲ့ UEC…
မွန်မှာ နှစ်ပတ်ကျော်အတွင်း ကိုဗစ်လူနာ တစ်ထောင်နီးပါး တွေ့ရှိ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း ကိုဗစ်လူနာ ၁၀၀၀ နီးပါး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ အများဆုံး…
Radio Than Lwin Times(Episode 16/2)
Sound Cloud Link
NUG နှင့် တွေ့ဖို့ စစ်ကောင်စီလိုလားမယ်လို့ အာဆီယံကိုယ်စားလှယ်မျှော်လင့်
ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ သွား ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသွားနိုင်ရန် စစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာ့ဆွန်ခွန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အဖယ်ရှားခံအစိုးရ၏ အဖွဲ့ဝင်များနှင့်…
ရွေးကော် အရာရှိ ၂၄၀ ကျော်ကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း NUG ကြေငြာ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အရာရှိ ဝန်ထမ်း ၂၄၆ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တဲ့ ရွေးကော် အရာရှိတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကန့်ကွက်၊ငြင်းပယ်တာမရှိဘဲ…
ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အရေးဦးတည်ဆွေးနွေး
ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၇ မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်မှုရရှိရေးအတွက် သဘောထားကွဲလွဲနေတဲ့ အာဆီယံအစုအဖွဲ့ရဲ့ နိုင်ငံခြား ရေးဝန်ကြီးများပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။ ယင်းအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင်ဘက်မှ တက်ရောက်နိုင်ခွင့်ကို တားမြစ်ခဲ့သည့်အတွက် မြန်မာ စစ်ခေါင်းဆောင်ဘက်မှ မတက်ရောက်ခဲ့ပေ။ အာဆီယံအနေနဲ့ ယခင်နှစ်က အစုအဖွဲ့အတွင်း သဘောတူထားခဲ့သော ငြိမ်းချမ်းရေးအစီအမံများကို ဆောင် ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့်…
ငါးတစ်ကောင်လောက်ပင် တန်ဖိုးထားမခံရတော့တဲ့ စစ်ကောင်စီ လေတပ်က လေယာဉ်မှူး
စစ်တက္ကသိုလ်ဆင်းတွေဟာ ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ကြောင်း ပြည်သူများက သဘောထားမှတ်ချက်ပြုနေကြသည်။ စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၁) မှ ဗိုလ်ကြီးသေဆုံးမှုတွင် “ သေသွားတဲ့သူထက် အင်းထဲကငါးတွေကို ပိုနှမျောမိတယ်” ဟုပင် ပြည်သူများက လှောင်ပြောင်သရော်ကြသည်။ နိုင်ငံတော်အတွက် လေယာဉ်မှူးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ အချိန်များစွာကုန်၏။ အခွန်အခများစွာကိုလည်း သုံးရပြန်၏။ ပုံမှန်အားဖြင့်ဆိုလျင် လေယာဉ်မှူးတစ်ဦးသေဆုံးသည်မှာ ဝမ်းနည်းစရာဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သို့သော် ယခုကာလတွင်…
Radio Than Lwin Times(Episode 15/2)
Sound Cloud Link
