မွန်ဌာနေပြည်သူ့စစ် ပြောင်းလဲမှုဟာ စစ်ကောင်စီက မွန်အချင်းချင်း သွေးခွဲ ရန်တိုက်မှုဖြစ်

မော်လမြိုင်၊ အောက်တိုဘာ (၁၃) မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး လက်နက်ချအလင်းဝင်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနေပြည်သူ့စစ် ပြောင်းလဲမှုဟာ စစ်ကောင်စီက လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ မွန်အချင်းချင်း သွေးခွဲ ရန်တိုက်မှု ဖြစ်တယ်လို့ မွန်တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ်တိတိပြည့်တဲ့ အောက်တိုဘာ…

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာ

ရန်ကုန်၊ အောက်တိုဘာ (၁၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု နှစ်မှု အတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိ ပြောပါတယ်။ အဲဒီအမှု ၂ ခုအတွက် အောက်တိုဘာ ၁၂ရက်နေ့က နေပြည်တော် အချုပ်ထောင်အထူးတရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ…

ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ကလေးငယ်သူတွေ အစုလိုက် အပြုံအလိုက် ဝမ်းရောဂါ ဖြစ်ပွားနေ

ဒီးမော့ဆို၊ အောက်တိုဘာ (၁၃) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ကလေးသူ ငယ်တွေ အစုလိုက် အပြုံအလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင် အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ ကလေးသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်စပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရတာ ဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂…

ဂျပန်မှာ လိင်တူပေါင်းသင်းလိုသူတွေ လျှောက်ထားနိုင်တဲ့ အပ်ပလီကေးရှင်း ဖွင့်လှစ်

တိုကျို၊ အောက်တိုဘာ (၁၂) လိင်တူချစ်သူတွေ မှတ်ပုံတင်ခြင်း စနစ်အတွက် လျှောက်လွှာတင်နိုင်တဲ့ စနစ်တစ်ခုကို အောက်တိုဘာလ ၁၁ရက်နေ့မှာ တိုကျို မှာ ဖွင့်လှစ်ပေးခဲ့ပြီး ဒါဟာ ဂျပန်နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မတူကွဲပြားမှုတွေကို လက်ခံကျင့်သုံးမှုအခြေအနေမှာ အခြားသော နိုင်ငံတွေထက် နောက်ကျနေတဲ့ နိုင်ငံဖြစ် ပြီး လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပေမယ့်…

ရန်သူတွေကို ချေမှုန်းဖို့ နျူကလီးယား စမ်းသပ်မှုတွေ မြောက်ကိုရီးယားထပ်လုပ်မယ်လို့ဆို

ပြုံယမ်း – အောက်တိုဘာ(၁၂) မြောက်ကိုရီးယားရဲ့မကြာခင်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပစ်မှတ်တွေကို ချေမှုန်းဖို့ လက်နက်စမ်းသပ်မှုလုပ်ဆောင်တာ ဖြစ်တယ်လို့ ပြော ဆိုထားသလို နောက်ထပ် စမ်းသပ်မှုတွေလုပ်ဆောင်ဦးမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင်မ် က ပြောပါတယ်။ လက်ရှိမြောက်ကိုရီးယားနိုင်ငံဟာ လူထုစည်းလုံးမှုရဖို့ အဓိကလုပ်ဆောင်နေပေမယ့် ကိုဗစ် ကြောင့် စီးပွားရေးကြပ်တည်းလာတာနဲ့ အမေရိကန်-တောင်ကိုရီးယားရဲ့ အားကောင်းလာတဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်အခြေအနေတွေကြောင့်…

ယူကရိန်းကို အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ် ထောက်ပံ့ပေးမယ်လို့ ဘိုင်ဒန်ကတိပေး

ကီးယက် – အောက်တိုဘာ(၁၂) ယူကရိန်းမြို့တော်နဲ့ တခြားမြို့တွေမှာ ရုရှားဒုံးကျည်တွေ ကျရောက်ပြီးနောက် ယူကရိန်းနိုင်ငံ ကို အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပံ့ပိုးပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ ရုရှား ရဲ့ အဓိက တံတားတစ်စင်းဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ(၁၁) ဦးထက်မနည်း သေဆုံး ခဲ့တာ…

အသက်အရွယ်ကြီးရင့်တာနဲ့ တခြားအခက်အခဲတွေကြောင့် ပါတီဖျက်သိမ်းရတာလို့ သူရဦးရွှေမန်း အသိပေး

နေပြည်တော် – အောက်တိုဘာ(၁၂) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖျက်သိမ်းတာဟာ အသက်အရွယ်ကြီးရင့် တာနဲ့ တခြားအခက်အခဲတွေရှိလာတဲ့အတွက်ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အသိပေးထုတ် ပြန်လိုက်ပါတယ်။ ဒါ့အပြင် လူမှုရေးနဲ့ တခြားအခက်အခဲတွေရှိလာတာနဲ့ ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ဆောင် ဖို့ဆန္ဒမရှိတော့တဲ့အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းလိုက်ဖို့ ဗဟိုအလုပ် အမှုဆောင်တွေက သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ဆိုထားပါတယ်။ UBP ပါတီကို ဒီလ(၁၁) ရက်နေ့ကစပြီး ဖျက်သိမ်းဖို့…

ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်မှုမှာ ဘုရား ဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ကျိုက်ထို၊ အောက်တိုဘာ (၁၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးက စစ်ကောင်စီ လုံခြုံရေးဂိတ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က တောင်တက်ဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လုံ ခြုံရေးယူထားတဲ့…

အာဏာရှင်တို့ရဲ့ဖိနှိပ်မှုကို ထနောင်းလိုရှင်သန်၊ ထနောင်းလိုကျင့်ကြံမဲ့ အညာ

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အညာဒေသလို့ဆိုလိုက်ရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို အံတုပြီး ရှင်သန်နေကြတဲ့ အုပ်ဆိုင်းဆိုင်း ထနောင်းပင် ကြီးကြီးငယ်ငယ်တွေ၊ ထန်းပင်၊ ထန်းတောတွေကို မြင်တွေ့ကြရမှာပါ။ ဒီထနောင်းပင်တွေနဲ့ ထန်းပင်တွေအကြားက လယ်ကွင်းပြင်တွေမှာ နွားတွေ၊ နွားလှည်းတွေနဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြင်ကွင်းဟာလည်း အညာရဲ့အလှတရားဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်လို့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲတော်တွေမှာလည်း နွားနဲ့လှည်းကို အသုံးပြုတတ်ကြပြီး ပွဲတော်ရှိရာကို နွားလှည်းတွေနဲ့…