နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိတယ်လို့ TNLA ထုတ်ပြန်

နမ့်ဆန် – ဒီဇင်ဘာ (၁၈) နမ့်ဆန်မြို့နယ် ကုန်းသာ ကျေးရွာတိုက်ပွဲမှဦ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနက ဒီနေ့ ဒီဇင်ဘာလ(၁၈) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ TNLA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၄၃၄) ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီရဲ့…

နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသက စစ်ရှောင်ပြည်သူတွေ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာ

ဒီပဲယင်း ၊ ဒီဇင်ဘာ (၁၈) မြန်မာနိုင်ငံအထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ နေ့စဉ်နဲ့အမျှ အရေအတွက်တိုးလာနေတဲ့အတွက် အိုးအိမ်မဲ့မီးဘေးသင့်၊ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိုးအိမ်မဲ့ဒေသခံပြည်သူတွေမှာ ယာယီတဲတွေအပြင် စားသောက်ရေး၊ အဝတ်အစား၊ အနွေးထည်၊ ခြင်ထောင်နဲ့ စောင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာပါ။ အိုးအိမ်မဲ့ပြည်သူတွေဟာ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့…

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင် PDF ရဲဘော်တစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

သရက်ချောင်း၊ ဒီဇင်ဘာ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အခြေစိုက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင် PDF ရဲဘော်တစ်ဦးဟာ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်လေးဖြူ (ခ)လိပ်စွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ်နေရာတစ်ခုမှာ လျိူ့ဝှက်မိုင်းစစ်ဆင်ရေးလုပ်နေချိန် မတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့တာပါ။ ရဲဘော်လေးဖြူ(ခ) လိပ်စွန်ဟာ…

လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ဖို့ CDM လေတပ်အရာရှိတွေသတိပေး

ရန်ကုန် ၊ ဒီဇင်ဘာ (၁၈) အာဏာသိမ်းစစ်ကောင်စီက အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်တွေကို တရားဝင်ထုတ်ပြလာတဲ့အ တွက် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တယ်လို့ CDM လေတပ်အရာရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာကျရောက်ခဲ့တဲ့ တပ်မတော်လေတပ်ရဲ့ ၇၅ နှစ်မြောက် အခမ်းအနားမှာ တပ်တော်ဝင်တဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို စစ်ကောင်စီဘက်က…

သရက်ချောင်းမှာဆန္ဒထုတ်ဖော်ထားတဲ့ စစ်ခေါင်းဆောင်ဓါတ်ပုံလာဖျက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရ

သရက်ချောင်း၊ ဒီဇင်ဘာ (၁၈) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြား၊ ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ထားတဲ့ စစ်ခေါင်းဆောင်ဓါတ်ပုံလာဖျက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်း PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ သပိတ်အဖွဲ့တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ပုံတူနဲ့ တပ်ပျက်နေပြီးဆိုတဲ့ စာသားတွေရေးသားပြီး ဆန္ဒထုတ်ဖော်ထားတာ ဖြစ်ပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ထားတဲ့ ဓါတ်ပုံနဲ့စာသားတွေကိုဖျက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား…

မော်လမြိုင်မှာ လမ်းနယ်နမိတ်နဲ့မလွတ်တဲ့ အဆောက်အဦးတွေ ၃ ရက်အတွင်းဖယ်ဖို့ စစ်ကောင်စီ အ မိန့်ထုတ်

မော်လမြိုင်၊ ဒီဇင်ဘာ(၁၈) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်ကောင်စီက အလင်းဖွင့်စီမံချက်လို့ဆိုပြီး လမ်းနယ်နမိတ်နဲ့ ပလက် ဖောင်းပေါ် ကျူးကျော်နေတဲ့အဆောက်အဦး၊ အမိုးအဖီ၊ ဆိုင်းဘုတ်နဲ့ ဆိုင်ခန်းပစ္စည်းတွေကို ၃ ရက်အတွင်းဖယ်ရှားဖို့ အမိန်ထုတ်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ စည်ပင်သာယာရေးအဖွဲ့က လမ်းနယ်နမိတ်နဲ့ ပလက်ဖောင်းပေါ်ကျူးကျော်နေတဲ့ အ ဆောက်အဦးတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇…

ဘီးလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၃၀ လောက်မှာ အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိတော့

ဘီးလင်း၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၅၈ ရွာရှိတဲ့အနက် ကျေးရွာပေါင်း ၃၀ လောက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိတော့ဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေက နုတ်ထွက်ဖို့ သတိပေးခံရတာ၊ သတင်းပေးဆောင်ရွက်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အုပ်ချုပ်ရေးမှူး လုပ်မယ့်သူနည်းပါးသွားတာ ဖြစ်ပါတယ်။…

စစ်ကောင်စီကို ဖိအားပေးဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ အမေရိကန်သံအမတ် Thomas L. Vajda ဆို

ရန်ကုန် – ဒီဇင်ဘာ(၁၇) အာဏာသိမ်းစစ်ကောင်စီကို သံတမန်ရေး စီးပွားရေးတွေနဲ့ ဖိအားပေးဖို့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Thomas L. Vajda က ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် (၂) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန် ပြီးဆုံးခဲ့တဲ့ Thomas L. Vajda ကမြန်မာပြည်သူတွေကို သတင်းစကားပါးချိန်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။…

ဒီမော့ဆို ကို စစ်ကောင်စီက အင်အား(၁၅၀) ကျော်ထပ်ဖြည့်နေ

ဒီမော့ဆို – ဒီဇင်ဘာ(၁၇) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ထဲက စစ်ရေးတင်းမာနေတဲ့ သေးဆူးလဲ၊ကုန်းသာ၊ ဒေါငံခါး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက အင်အား(၁၅၀) ကျော် စစ်အင်အားဖြည့်ထား တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီက အင်အား(၉၀) နီးပါးသာရှိတဲ့ နေရာတွေကို ထပ်မံအင်အားဖြည့်ပြီး တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို…

စပိန်အသင်းခေါင်းဆောင် ဘူးစကွက်စ် နိုင်ငံအသင်းက အနားယူကြောင်း ကြေညာ

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၇)ရက် စပိန်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူလည်း ဖြစ်တဲ့ အသင်းခေါင်းဆောင် ဘူးစကွက်စ်ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ စပိန်လက်ရွေးစင်ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်မှာ စတင် အရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး ၁၃ နှစ်အကြာမှာ နိုင်ငံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်တာပါ။ ဘူးစကွက်စ်ရဲ့…