မွန်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် နေအိမ် ၈၀ ကျော် ချိပ်ပိတ်ခံထားရ
မော်လမြိုင်၊ စက်တင်ဘာ (၂၂) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့နေအိမ်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ နေအိမ်တွေအပါအဝင် ဒေသခံ နေအိမ်ပေါင်း ၈၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေကတော့ သထုံခရိုင်မှာ နေအိမ် အလုံး ၄၀ ကျော်၊ မော်လမြိုင်ခရိုင်မှာ…
ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပြန်မဖွင့်နိုင်တာကြောင့် ကုန်သည်အများစု လုပ်ငန်းရပ်နားလာရ
ထားဝယ်၊ စက်တင်ဘာ (၂၂) စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ၄ လကျော်ကြာ ပိတ်သိမ်းထားတဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပြန်မဖွင့်နိုင်သေးတာကြောင့် ကုန်သည်အများစု လုပ်ငန်းရပ်နားလာရသလို ကုန်သွယ်မှုကလည်း လုံးဝရပ်တန့်သွားပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်တဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ တဖက်သတ်…
စစ်အာဏာသိမ်း ရက် (၅၉၈) အတွင်း သတ်ဖြတ်ခံရသူ ၂၃၀၃ ဦး အထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ (၂၂) AAPP ၏ စက်တင်ဘာလ (၂၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၈)အတွင်း ပြည်သူ (၂၃၀၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၉၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၄) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
ဒေသခံ (၁၀၀) လောက်ကို လူသားဒိုင်းလုပ်ပြီး စစ်ကောင်စီမိုးဗြဲမှာ တပ်စွဲထား
မိုးဗြဲ – စက်တင်ဘာ(၂၂) ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၁၀၀) လောက်ကို လူသားဒိုင်းကာအဖြစ်သုံးပြီး အထိုင်ချတပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၈) ရက်နေ့ ညပိုင်းထဲက မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ပစ်ခတ်ရှင်းလင်းပြီး အထိုင်ချဖို့ လုပ်ဆောင်လာတာပါ။ အဲ့ဒီလို လက်နက်ကြီးတွေနဲ့ပစ်ခတ်ရှင်းလင်းခဲ့တဲ့အတွက် ဒေသခံတွေဟာ စစ်ဘေးရှောင်ဖို့ ထွက်သွားကြသူတွေရှိသလို…
နိုင်ငံရေး၊စစ်ရေး ရှံးနိမ့်မှုကြောင့် လူထုကို အကြောက်တရားသွင်းပြီး အုပ်ချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာ
ရန်ကုန်၊ စက်တင်ဘာ(၂၂) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို အားပေးထောက်ခံရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုမှုဟာ နိုင်ငံရေး၊စစ်ရေး ရှံးနိမ့်မှုကို ပြသနေတာ ဖြစ်ပြီး လူထုကို အကြောက်တရားသွင်းပြီး အုပ်ချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေး လုပ်ဆောင်နေသူတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့…
NLD ပါတီဝတ်စုံနှင့် အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း ဆန္ဒပြတဲ့ ဝါဒဖြန့်သတင်း
အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မန္တလေး ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့၌ NLD ပါတီဝင်များက NUG CRPHနှင့်PDFတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်…
လမိုင်းမြို့မှာ စစ်ကောင်စီ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
ရေး၊ စက်တင်ဘာ (၂၂) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ လမိုင်း-ကော့ဒွတ်ကျေးရွာသွားကားလမ်းမပေါ်မှာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီ နယ်ထိန်းရဲ တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လမိုင်းမြို့ရဲစခန်းက နယ်ထိန်းရဲ အောင်ကျော်မင်းဟာ လမိုင်း-ကော့ဒွတ်သွားလမ်းဘေးက တာယာပြင်ဆိုင်မှာ ကားပြင်နေချိန် ရေးဘီးလူးအဖွဲ့က ဆိုင်ကယ်နဲ့…
လုံခြုံရေးအစီအစဉ်တွေမှာ ပြည်သူတွေအနှောက်အယှက်မရှိအောင်လုပ်ဆောင်ဖို့ NUG ကာကွယ်ရေး ဝန်ကြီးပြောဆို
မော်လမြိုင် – စက်တင်ဘာ(၂၁) လုံခြုံရေးအစီအစဉ်တွေဆောင်ရွက်ရင် ပြည်သူလူအနှောက်အယှက် ဖြစ်တဲ့အထိကားလမ်း၊ရေလမ်း တွေကို တားဆီးစစ်ဆေးတာတွေကို အထူးရှောင်ကြဉ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်း မှာအခုလိုပြောဆိုခဲ့တာပါ။ “ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ် ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ကြရမယ်။ ရပ်ရွာလုံခြုံရေး…
မြန်မာစစ်တပ် နဲ့ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ဂျပန်ဆုံးဖြတ်
တိုကျို – စက်တင်ဘာ(၂၁) ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင့်ဖမ်းဆီးသတ်ဖြတ်နေတဲ့အတွက် မြန်မာစစ်တပ် အဖွဲ့ဝင်ကျောင်းသားလက်ခံတာကို ရပ်တန့်လိုက်ပြီဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာလဲ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေကို ကျောင်းသားအဖြစ်လက်ခံထားနေတာပါ။ မြန်မာဒီမိုကရေစီအရေးကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အမတ်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ခံတာကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုကီတာကီရှီက ဝန်ကြီးဌာနအနေနဲ့ လာမယ့်နှစ်ဧပြီလမှာ စတင်မယ့်…
Radio Than Lwin Times(18/9)
Youtube Link Sound Cloud Link
