အစ္စရေး မောင်းသူမဲ့လေယာဉ် ထိုင်းတော်ဝင်ရေတပ် ဝယ်ယူ
ဘန်ကောက် – စက်တင်ဘာ(၂၄) ထိုင်းနိုင်ငံက Hermes 900 မောင်းသူမဲ့ လေယာဉ် (UAV) တွေကို ဘတ်(၄) ဘီလျံ အကုန်အကျခံ ပြီး အစ္စရေးကာကွယ်ရေးကုမ္ပဏီတစ်ခုဆီကဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ထိုင်း တော်ဝင်ရေတပ်(RTN) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲ့ဒီမောင်းသူမဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံရဲ့ ရေပိုင်နက်နဲ့ သင်္ဘောလမ်းကြောင်းတွေကို ကာကွယ် ဖို့အတွက် ထိုင်းပင်လယ်ပြင်မှာ ကင်းလှည့်သွားမှာဖြစ်ပြီး ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်ချိန်မှာလည်း…
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ
မောင်တော ၊ စက်တင်ဘာ (၂၄) ရခိုင်ပြည်နယ်ရှိ မြို့နယ်အတော်များများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားရာကနေ လက်ရှိမှာ နှစ်ဖက် စစ်ရေး…
ရေဖြူမြို့နယ်က စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်မှုမှာ PDF ရဲဘော် ၂ ဦး ကျဆုံး
ရေဖြူ၊ စက်တင်ဘာ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က စစ်ကောင်စီ ခလရ(၄၀၇) တပ်ရင်းအား ဝင်ရောက် တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ရေဖြူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ ခလရ(၄၀၇) တပ်ရင်းတို့ကို ထားဝယ်ခရိုင်…
စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲမှုဟာ တပ်တွင်းရှို့မီးဖြစ်တယ်လို့ KNDF ပြော
ဒီမော့ဆို၊ စက်တင်ဘာ (၂၄) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်က စစ်ကောင်စီ ငွေတောင်အခြေစိုက် မလရ (၁၀၂) တပ်ရင်း လက်နက်တိုက် မီးလောင်ပေါက်မှုဟာ တပ်တွင်းရှို့မီးဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီ ငွေတောင်အခြေစိုက်တပ်ရင်း လက်နက်တိုက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး လက်နက်တိုက်…
ဘီးလင်းမှာ KNU/KNLA(PC) အဖွဲ့ တင်လာတဲ့ ရိုဟင်ဂျာ ၃၆ ဦး အဖမ်းခံရ
ဘီးလင်း၊ စက်တင်ဘာ (၂၄) KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေက တင်ဆောင်လာတဲ့ ရိုဟင်ဂျာလူမျိုး ၃၆ ဦးကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ည၁၀နာရီခန့်မှာ ရွှေသံလွင် (တိုးဂိတ်ဟောင်း) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၂ ရက် ည ၁၀ ခန့်က ဖမ်းမိခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ဘက်ကို အိမ်စီးကား…
လက်ယက်ကုန်းဖြစ်စဉ်မျိုး ထပ်မဖြစ်အောင်ကာကွယ်နိုင်မယ်နည်းလမ်းပေါင်းစုံအသုံးပြုဖို့ NUG ပြော
မော်လမြိုင် – စက်တင်ဘာ(၂၃) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စစ်ကောင်စီလေတပ်က ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားဖို့အတွက် ကာကွယ်နိုင်သမျှနည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြဖို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။ စက်တင်ဘာလ(၂၂) ရက်နေ့ ကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “ဒီဖြစ်စဉ်အတွက်…
အာဘေးအသုဘအတွက် စစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်
တိုကျို – စက်တင်ဘာ(၂၃) ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ဂျပန်အစိုးရက မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့အတွက် ဂျပန်ရောက် (၈၈) ကျောင်းသားဟောင်းတစ်ဦးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်ခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော်ဈာပနအခမ်းအနားမှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန္ဒပြပွဲမှာ သတင်းယူနေရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်ရုပ်သံဂျာနယ်လစ် ကန်ဂျီနာဂါအီသေဆုံးတဲ့ (၁၅) နှစ်ပြည့် နှစ်ပတ်လည်…
ထီးလင်းမြို့က ကံသာရွာကို စစ်ကောင်စီ မီးရှို့ နေအိမ် (၁၁) လုံးမီးလောင်
ထီးလင်း – စက်တင်ဘာ(၂၃) မကွေးတိုင်းထီးလင်းမြို့နယ် ကံသာကျေးရွာကို စစ်ကောင်စီတပ်တွေက အကြောင်းမရှိဘဲ မီးပတ်ရှို့လို့ နေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ အင်အား(၁၂၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကံသာရွာကို ဒီနေ့ စက်တင်ဘာလ (၂၃) ရက်နေ့ မနက် (၈) နာရီဝန်းကျင်တည်းက မီးရှို့နေတာပါ။ “မီးကထိန်းနိုင်သွားပါပြီ။ တစ်ရွာလုံးကိုလောင်စေချင်တဲ့သဘောမျိုးပတ်ရှို့သွားတာ။ တစ်မိသားစုလုံး CDM လုပ်ထားတဲ့နေအိမ်လည်းပါသွားတယ်။”လို့…
ရေးမြို့နယ်မှာ စစ်ကောင်စီစခန်းငယ်တစ်ခု ဝင်ရောက်စီးနင်းခံရ
ရေး၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ခလရ (၅၈၈)တပ်ရင်းအနီး ကြိုးတံတားဘုန်းကြီးကျောင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို Ye Defence Force-YDFအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ (၂)ခုတို့က…
Radio Than Lwin Times(20/9)
Youtube Link Sound Cloud Link
