စစ်ကောင်စီခေါင်းဆောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့ဒုတိယအကြိမ်တွေ့ဆုံ
နေပြည်တော် – စက်တင်ဘာ(၂၆) အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့(NDAA/မိုင်းလား)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တာဝန်ရှိသူတွေ စက်တင်ဘာလ(၂၅) ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ “ဝ” တပ်ဖွဲ့ကို ဒုဥက္ကဌဖြစ်သူ ဦးလော့ယာကု၊NDAA အဖွဲ့ကို ဒုဥက္ကဌ ဦးစန်ပေ့နဲ့ SSPP အဖွဲ့ကို ဒုဥက္ကဌ-၂ စပ်ခွန်ဆိုင်တို့က…
စစ်အာဏာသိမ်း ရက် (၆၀၃) အတွင်း သတ်ဖြတ်ခံရသူ ၂၃၁၉ ဦး အထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ (၂၇) AAPP ၏ စက်တင်ဘာလ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၆၀၃)အတွင်း ပြည်သူ (၂၃၁၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၄၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုးဖို့ ပြင်နေ
ရေဖြူ၊ စက်တင်ဘာ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နှမ်းကြဲနဲ့ကျေးဇူးတော်ကျေးရွာထဲကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် အင်အား ၈၀ လောက်ဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ နှမ်းကြဲနဲ့ ကျေးဇူးတော်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ကျေးရွားအတွင်းရှိ ဘုန်ကြီးကျောင်းကြီးနဲ့ ကျေးရွာအပြင်ဘက်တွေမှာ…
သိမ်ဇရပ်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်နဲ့ ဇနီး ပစ်ခတ်ခံရ၊ ဇနီးဖြစ်သူ သေဆုံး
သိမ်ဇရပ်၊ စက်တင်ဘာ (၂၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင်နဲ့ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်မှာ သိမ်ဇရပ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအေးလွင်နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်သန်းတို့ နေအိမ်မှာ…
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အဆုံးစွန် အကြမ်းဖက်တဲ့ လုပ်ရပ်လို့ KNU ပြော
ညောင်လေးပင်၊ စက်တင်ဘာ (၂၇) အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေနဲ့ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ အဆုံးစွန် အကြမ်းဖက်မှု ဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီက ပဒိုခါးမဲက ပြောဆိုလိုက်တာပါ။ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့ကစပြီး စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ဆင်ရေးတေ ွလုပ်ဆောင်နေပြီး ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို…
နေပြည်တော်မှာ ဘန်ကာတွေ တိုးချဲ့ပြင်ဆင်နေပြီး ပြောက်ကျားစနစ်နဲ့ လုံခြုံရေး ချထား
နေပြည်တော်၊ စက်တင်ဘာ (၂၇) နေပြည်တော်မှာ အခုရက်ပိုင်းအတွင်း အချက်အခြာကျတဲ့ နေရာတွေအပြင် မြို့ပတ်လမ်းပေါ်နဲ့ ဟိုတယ်ဇုန် အနီးတဝိုက် လမ်းဆုံ၊ လမ်းခွတွေမှာ စစ်ကောင်စီက လုံခြုံရေး ဘန်ကာတွေကို ပြန်လည်ပြင်ဆင်တာနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့နေရာတွေမှာ ပြောက်ကျားစနစ်နဲ့ လုံခြုံရေး ချတာတွေ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘန်ကာတွေ ပြန်လည်ပြင်ဆင်နေတဲ့ နေရာတွေကတော့ နေပြည်တော်မိုင် ၂၀၀ အမြန်လမ်းဘက်အဝင်က…
AA ဟာ ဘင်္ဂလားဒေ့ရှ့် စစ်တပ်လက်အောက်ခံမဟုတ်ပါ
အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ့်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်း ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာ (၂၆)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ…
မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းလာ
မော်လမြိုင်၊ စက်တင်ဘာ (၂၇) စစ်တပ် အာဏာသိမ်းပြီးနောက် အဘက်ဘက်ကနေ ကျဆင်းနေတဲ့ မွန်ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍကို စစ်ကောင်စီက ပြန်လည် စတင်ဖို့ အပြင်းအထန် ကြိုးပမ်းလာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်နယ်အတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့အတွက် သမိုင်းဝင် အဆောက်အဦးတွေ၊ ဂူတွေ၊ မော်လမြိုင် Night Walking Street အပါအဝင်…
ရေးမြို့မှာ စစ်ကောင်စီ စစစ (စသုံးလုံး) ရုံး မိုင်းခွဲတိုက်ခိုက်ခံရ
ရေး၊ စက်တင်ဘာ (၂၇) မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)ရုံးဟာ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီ စစစရုံးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ စစစရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး…
Radio Than Lwin Times (22/9)
youtube Link SoundCloud link
