ပတ်ဝန်းကျင်ရွာတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ် တွေတိုက်ခိုက်
ပေါက် – အောက်တိုဘာ(၃) ဒေသတွင်းကျေးရွာတွေကိုအနိုင်ကျင့်ဗိုလ်ကျတာတွေလုပ်ဆောင်နေတဲ့ ပျူစောထီးရွာကို ကာ ကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးသေဆုံးကာ အယောက်(၅၀) ကျော်အရှင်ဖမ်းဆီးရမိ ခဲ့တယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိုင် မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဇီးပြားရွာဟာ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ရဲ့ ပစ္စည်းတွေကိုလုယက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်ဆောင်ပြီး အနိုင်ကျင့်ဗိုလ် ကျနေတာပါ။ “ဒီပတ်ဝန်းကျင်ရွာတွေကို…
Radio Than Lwin Times(2/10)
Youtube Link Sound Cloud Link
စစ်ကောင်စီလက်ထက် လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် သုညအောက် ရောက်လာ
မော်လမြိုင်၊ အောက်တိုဘာ (၃) မြန်မာနိုင်ငံက သတင်းမီဒီယာတွေအပါအဝင် ပြည်သူလူထုရဲ့ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် ( Freedom of Expression ) ဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ အဆိုးရွားဆုံးချိုး ဖောက်ခံနေရပြီး မီဒီယာတွေဟာလည်း ဆက်လက်ရပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကျားကန်ထိန်းကျောင်းနေရတယ်လို့ နိုင်ငံရေးသမားတွေနဲ့ ဝါရင့်မီဒီယာသမားတွေက ထုတ်ဖော်ပြောပါတယ်။ လူ့အခွင့်အရေး အပြည့်အဝရရှိတဲ့ ဒီမိုကရေစီ စနစ်နဲ့ အတူ ယှဉ်တွဲပါလာတဲ့…
မန်ချက်စတာဒါဘီမှာ မန်ယူအသင်း အရှက်တကွဲ ရှုံးနိမ့်ခဲ့
မော်လမြိုင်၊ အောက်တိုဘာ (၃) မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲစဉ်(၈) မှာ မြိုခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ဂိုးပြတ်အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီပွဲမှာ ရပ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဖာနန်ဒက်စ် အပါအဝင် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပြီး ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကိုတော့ အရံခုံမှာ ပို့ထားခဲ့တာပါ။ မန်စီးတီးအသင်းကတော့ ဟာလန်း၊ ဒီဘရိုင်း၊…
နိုင်ငံပိုင်ရွှေရောင်းချပေးနေသူတွေကို အရေးယူသွားမယ်လို့ NUG ပြော
ရန်ကုန် – အောက်တိုဘာ(၃) စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဟာ ဗဟိုဘဏ်က အပ်နှံထားတဲ့ နိုင်ငံတော်ပိုင် ရွှေဒင်္ဂါး ပြားတွေနဲ့ ရွှေစင်ချောင်းတွေရောင်ချပေးသူတွေကို အရေးယူသွားမယ်လို့ NUG က ထုတ်ပြန်ထားပါ တယ်။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအတွက်လိုအပ်တဲ့ ငွေကြေးတွေကို Non – CDM ဝန်ထမ်း တွေက နိုင်ငံတော်ပိုင်ပစ္စည်းတွေကိုရောင်းချပြီး ရှာဖွေပေးနေတဲ့အတွက်…
မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း ဓားထိုးခံရပြီး သေဆုံးခဲ့
မောင်တော – အောက်တိုဘာ(၃) ရခိုင်ပြည်နယ် မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း ကို အမည်မသိလူ(၃) ဦးက ဓား နဲ့ထိုးခဲ့တဲ့အတွက်သေဆုံးသွားတယ်လို့ မောင်တော မြို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါ တယ်။ ဖြစ်စဉ်မှာပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ ညပိုင်းက ခရိုင်ပညာရေးမှူးဒေါက်တာ မြင့်မြင့်စန်း နေထိုင် တဲ့ ခရိုင်ပညာရေးမှူးရုံးအတွင်းကို ဝင်ရောက်ပြီး ဓားနဲ့ထိုးသွားတာဖြစ်ပါတယ်။ ဓားထိုးခံလိုက်ရတဲ့ ဒေါက်တာမြင့်မြင့်စန်းကို မောင်တောမြို့နယ်…
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်ထုက ပြည်သူတွေ ထိခိုက် ဒဏ်ရာရ
ကျောက်ထု – အောက်တိုဘာ(၃) မကွေးတိုင်း ကျောက်ထုမြို့နယ်ရဲစခန်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ ည(၈) နာရီဝန်းကျင်က ကျောက်ထုရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပန်ဆန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ အခုချိန်မှာတော့ ကျည်ထိမှန်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘဲ အဲ့ဒီထဲက (၂) ဦးကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့အတွက်…
တော်လှန်ရေး အဖွဲ့ ၂၅ဖွဲ့စုပေါင်းပြီး မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုဖွဲ့စည်း
သထုံ၊ အောက်တိုဘာ (၃) KNU သထုံခရိုင်တပ်မဟာ(၁) နယ်မြေမှာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ကာကွယ်ရေး အဖွဲ့အစည်း ၂၅ဖွဲ့ကို အသိအ မှတ်ပြုမှတ်ပုံ တင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး တပ်ပေါင်းစုအသွင်နဲ့ ဘုံရန်သူကို စုပေါင်းတော်လှန်သွားမယ်လို့ KNU သထုံခ ရိုင် တပ်မဟာ (၁)မှ သတင်း ထုတ်ပြန်လိုက်ပါတယ်။ “KNU သထုံခရိုင်တပ်မဟာ(၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ” ကနေ…
စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေရှိနေလို့ ပြည်သူတွေနေရပ်ပြန်မလာဖို့ မိုးဗြဲ PDF ထုတ်ပြန်
မိုးဗြဲ – အောက်တိုဘာ(၂) မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေရှိနေတဲ့အတွက် ပြည်သူတွေ အသွားအလာနဲ့ နေရပ်ပြန်တာတွေ မလုပ်ကြဖို့ မိုးဗြဲ PDF(MBPDF) အဖွဲ့က သတိပေး ထုတ်ပြန်ထား ပါ တယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်ဆယ်နှစ်အောက် ကလေးငယ်(၃) ဦးအပါ အဝင်(၆) ဦးသေဆုံးခဲ့ပြီး အရပ်သား (၁၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။…
ဂိမ်းကုမ္ပဏီတွေမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၂၃ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ကယ်တင်
မနီလာ၊ အောက်တိုဘာ (၂) ဖိလစ်ပိုင် မြို့တော်မနီလာရှိ ဂိမ်းကုမ္ပဏီတစ်ခုမှာ လူကုန်ကူးခံရသူတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် မှာ အွန်လိုင်းလိမ်လည်သူတွေအဖြစ် အတင်းအကြပ်ခိုင်းစေခံရတဲ့ မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၃၀ ရက် က ပြောပါတယ်။ POGO လို့ခေါ်တဲ့ ကမ်းလွန်ဂိမ်းအော်ပရေတာတွေမှာ ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာနဲ့ လူသတ်မှုသတင်းတွေ…
