တပ်မိသားစုတွေ အပြင်ထွက်ပါက လုံခြုံရေး တာဝန်မယူဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်

မော်လမြိုင်၊ အောက်တိုဘာ (၁၂) မွန်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ရင်းတွေမှာ တပ်မိသားစုဝင်တွေကို တပ်ပြင်ပထွက်ခွင့် လုံးဝပိတ်ပင်ထားပြီး အပြင်ထွက်ပါက လုံခြုံရေးတာဝန်မယူနိုင်ကြောင်း တပ်အရာရှိတွေက ခြိမ်းခြောက်တာတွေ ပြုလုပ်ထားတယ်လို့ စစ်တပ်မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ မိသားစုဝင်တွေကို တပ်ပြင် ထွက်ခွင့်ပိတ်ထား ပြီး မဖြစ်မနေ အရေးကြီးကိစ္စနဲ့ တပ်ပြင်ထွက်ခွာပါက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထွက်ခွာဖို့ ညွှန်ကြားထားပါတယ်။…

မွန်ပြည်သစ်ပါတီ စစ်ကောင်စီနဲ့ သွားတွေ့တာဟာ လူထုဆန္ဒကို မထီမဲ့မြင်ပြုတာလို့ မွန်လူငယ်တွေ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ (၁၂) မွန်ပြည်သစ်ပါတီကို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ကြားက စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးတာဟာ လူထုဆန္ဒကို မထီမဲ့မြင် ပြုတာလို့ မွန်လူငယ်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၀…

စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ NUG ယာယီသမ္မတ ပြော

မော်လမြိုင်၊ အောက်တိုဘာ (၁၂) လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရှာဖို့လုပ်ဆောင်မယ့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီ လုပ်မယ့်…

ထားဝယ် မောင်မယ်ရှောင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်၊ အောက်တိုဘာ (၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ထားဝယ်-ရေးကားလမ်းပေါ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထားဝယ်ဘက်ကနေ ရေးဘက်ကို ထွက်ခွာလာတဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ်(၄၀၃)၊ (၄၀၄)၊ (၄၀၅)တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား…

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ် ပါတီဆို

နေပြည်တော် – အောက်တိုဘာ(၁၁) မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကောင်စီဝင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာလ(၁၁) ရက်နေ့ မှာ နေပြည်တော်မှာရှိတဲ့ ဘုရင်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ်ပါတီ(NMSP) အဖွဲဝင်တွေတွေ့ဆုံခဲ့တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ တို့နဲ့အတူ…

လိပ်ရနယ်ခြားစောင့်စခန်းကို AA က သိမ်းပိုက်ပြီးနောက် မောင်တောမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်လာ

မောင်တော ၊ အောက်တိုဘာ (၁၂) ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော် (AA) က တိုခိုက်သိမ်းပိုက် ပြီးနောက်ပိုင်းမှာ မောင်တောမြို့ပေါ်မှာ စစ်ကောင်စီဘက်က အစစ် အဆေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် အစောပိုင်းမှာ AAက လိပ်ရနယ်ခြားစောင့်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး…

လီဗာပူးလ် တိုက်စစ်ကစားသမား လူးဝစ်ဒီယက် ၈ ပတ်လောက် အနားယူရဖို့ရှိနေ

မော်လမြိုင်၊ အောက်တိုဘာ၊ (၁၁)ရက် လီဗာပူးလ်အသင်းနဲ့ ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနည်ဆုံး ၆ ပတ်ကနေ ၈ ပတ်လောက်ထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် လူးဝစ်ဒီယက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တာကြောင့်…

သူရဦးရွှေမန်းဦးဆောင်တဲ့ UBP ပါတီ ဖျက်သိမ်း တော့မယ်

မော်လမြိုင် – အောက်တိုဘာ(၁၁) ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရရှိခဲ့တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ(UBP) ကို ဖျက်သိမ်းဖို့အတွက် လုပ်ငန်းတွေ စတင်ဆောင်ရွက် နေပြီလို့ ပါတီနဲ့ နီးစပ် သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်မှာ သမ္မတဟောင်းဦးသိန်းစိန် အုပ်စုနဲ့ တပ်ချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတွက် ၂၀၁၅…

ဟေတီမှာ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေ ကြားဝင်ဖြေရှင်းဖို့ ကုလ အကြီးအကဲ တိုက်တွန်း

ဟေတီ၊ အောက်တိုဘာ (၁၁) ဟေတီနိုင်ငံအတွင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတစ်နိုင်ငံ ဒါမှ မဟုတ် နိုင်ငံ အများအပြားက အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပြု လိုက်ပါတယ်။ ကုလသမဂ္ဂက တပ်ဖြန့်ဖို့ အကြံပြုတာမျိုး မဟုတ်ပေမယ့်လည်း လုံခြုံရေးကောင်စီက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတစ်ခုနဲ့ တပ်ဖွဲ့တစ်ခု လုပ်…