အနန့်ပါမှာကျဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းမီးသပိတ်ပြုလုပ်
မော်လမြိုင် – အောက်တိုဘာ(၂၈) စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေ တိုက်တွန်းတောင်းဆိုထားတဲ့ မီးပိတ်သပိတ်မှာ ပြည်သူတွေမပါဝင်ဖို့ စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၈) ရက်နေ့ ည(၈) နာရီခွဲကနေ ည(၈)နာရီမိနစ်(၄၀) ထိ ဆယ်မိနစ်ကြာ ပြု လုပ်မယ့် မီးပိတ်သပိတ်ကို စစ်ကောင်စီက ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေထဲမှာ စောင့်ကြည့် တာတွေလုပ်ဆောင်ခဲ့တာပါ။ ရန်ကုန်မြို့ သာကေတမြို့နယ်…
ထီးလင်းကကျေးရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ သုံးဆယ်ကျော်သေ
ထီးလင်း – အောက်တိုဘာ(၂၈) မကွေးတိုင်း ထီးလင်းမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီ၊ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့လို့ (၃၀) ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အောက်တိုဘာလ(၂၇) ရက်နေ့က ထန်းပင်ကုန်းရွာကို တစ်ရက်တည်းမီးနှစ်ကြိမ်ရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ၊ပျူစောထီးအင်အား(၁၀၀)ကျော်ပါတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပူး ပေါင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းဟာ ခလရ(၅၀) လက်အောက်ခံစစ်ကြောင်းဖြစ်ပြီး ထီးလင်းမြို့နယ်ထဲမှာ တစ်လ ကျော်စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့…
တေးသံရှင် ပိုပိုနဲ့ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်
ရန်ကုန် – အောက်တိုဘာ(၂၈) အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ တေးသံရှင်ပိုပိုနဲ့ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ ဒီနေ့ အောက်တိုဘာလ(၂၈) ရက်နေ့ ညပိုင်းက ပြန်လည်လွတ်မြောက်သွားပြီ လို့အင်းစိန်ထောင်ရဲ့ အမည်မဖော်လိုတဲ့ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။ သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က) အပါအဝင် တခြားပုဒ်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ်…
Radio Than Lwin Times(25/10)
Youtube Link Sound Cloud Link
ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ စစ်ကောင်စီပြန်ဖွင့်ခွင့်ပေးမယ်လို့ဆို
ရန်ကုန် – အောက်တိုဘာ(၂၈) ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက် ပိတ်ပင်ထားတဲ့ ပါဆယ်ပို့ ခွင့် ထောင်ဝင်စာတွေ့ခွင့်နဲ့ ထောင်တွင်းတရားရုံးတွေကို လာမယ် အောက်တိုဘာ(၃၁) ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်းစိန်ထောင်ဗုံးပေါက်ကွဲခဲ့တဲ့ နေ့စပြီး ပါဆယ်ပို့ခွင့်၊ထောင်ဝင်စာတွေ့ခွင့်နဲ့ အကျဉ်းထောင် တရားရုံးတွေကို ပိတ်ထားခဲ့တာပါ။ “ကျွန်တော်တို့ သတင်းကြားနေရတာရှိပါတယ်။ သူတို့လက်ထဲမှာဘဲရှိနေတာဆိုတော့ သေချာ တော့ မပြောနိုင်သေးပါဘူး။ ပြန်ဖွင့်ခွင့်ပေးမယ်ဆိုရင်တော့…
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး တင်းတင်းကျပ်ကျပ်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေး
ဘန်ကောက်၊ အောက်တိုဘာ(၂၈) လာမယ့်လမှာ ကျင်းပတော့မယ့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ထိပ်သီးအစည်း အဝေးအတွက် ဘေးကင်းရေး အစီအမံတွေကို ထားရှိဖို့ အမျိုးသားလုံခြုံရေးကောင်စီ(NSC) ကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးလိုက်ပါတယ်။ အောက်တိုဘာ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်က ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး…
ထိုင်းတောင်ပိုင်းမှာ ၁၅ ရက်အတွင်း သေနတ် ၂၆၃ လက် ဖမ်းဆီးရမိ
ဘန်ကောက်၊ အောက်တိုဘာ (၂၈) ထိုင်းတောင်ပိုင်းက ပြည်နယ် ရှစ်ခုမှာ အခုလ ၁၅ရက်တာ ကာလအတွင်း သေနတ်၂၆၃ လက်နဲ့ ကျည်၁၇၀၂တောင့်ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အခုလအစောပိုင်းက နောင်ဘူလမ်ဖူ ခရိုင်ဒေသန္တရမှာရှိတဲ့ နေ့ကလေးထိန်းဂေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပြီးမှာ တရားမဝင်တဲ့ လက်နက်တွေကို ဖမ်းဆီးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်နေ့…
အမေရိကန်နဲ့ အပြန်အလှန် အကျိုးရှိဖို့ လုပ်ဆောင်လိုတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော
ပေကျင်း – အောက်တိုဘာ(၂၈) တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ဖို့ နည်းလမ်း ရှာရမယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်က သူ့ရဲ့ တတိယအကြိမ် သမ္မတသက်တမ်း စတင်ထမ်း ဆောင်ချိန်မှာ ပြောခဲ့တယ်လို့ CCTV ရုပ်သံ မှာ ဖော်ပြထားပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်ကို ရန်စမှုတွေနဲ့ ဟောင်ကောင်မှာ ဖြိုခွင်းမှုတွေအပါအဝင် ရှင်ကျန်းက အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး…
အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာ
ရန်ကုန်၊ အောက်တိုဘာ (၂၈) စစ်တပ် အာဏာသိမ်းပြီးနောက် ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေနဲ့ လူသားချင်းစာနာမှုအကြပ်အတည်းအသစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အောက်တိုဘာ (၂၆)ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးတွေရဲ့ ရွှေ့ပြောင်းမှုအသစ်အဖြစ် တောင်ငူခရိုင်မှာ ၇၅၀၀ ကျော်၊ ညောင်လေးပင်ခရိုင်မှာ…
ကယားပြည်နယ်ထဲက လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ လုံခြုံရေးအတွက် အသက်အန္တရာယ်စိုးရိမ်နေရတဲ့ကြားထဲကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲ ဆောင်ရွက်နေရတာပါ။ ဒါကြောင့် ကယားပြည်နယ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာလည်း ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ရာမှာလည်း ဘယ်လို လူနာတွေကို အဓိက ကူညီဆောင်ရွက်ပေးနေရလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ထဲက လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးနဲ့…
