သတင်း

မနီလာလေဆိပ်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်း (၄၀) ကျော် ဖျက်သိမ်းခဲ့ရ

မနီလာ – မေ(၂) ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ် Terminal 3 မှာ အကြောင်းရင်းမဖော်ပြနိုင်တဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် Cebu Pacific ရဲ့ ပြည်တွင်းလေကြောင်းလိုင်း(၄၀) ကျော်ဖျက်သိမ်းခဲ့ရ တယ်လို့ သိရပါတယ်။ လျှပ်စစ်မီးပြတ်တောက်ရတဲ့ အဓိကအကြောင်းအရင်းကို ဖော်ပြထားတာမရှိတဲ့ Facebook စာမျက်နှာရှိ နီနွိုင်း အကွိုင်နို နိုင်ငံတကာလေဆိပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဓာတ်အား ပြတ် တောက်မှုကြောင့်…

ဆီးရီးယားမှာ IS အဖွဲ့ခေါင်းဆောင်ကို တူကရီထောက်လှမ်းရေးတွေ ရှင်းလင်း

ဒမာစကပ် – မေ(၂) ဆီးရီးယားမှာ IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကရီရှီကို တူကရီထောက်လှမ်းရေးတပ်ဖွဲ့ တွေက ရှင်းလင်းခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က အတည်ပြုပြောခဲ့ပါတယ်။ IS အဖွဲ့ခေါင်းဆောင် အဘူဟူစိန် အယ်ကွာရီရှီကို တူရကီထောက်လှမ်းရေးအဖွဲ့က အချိန် အတော်ကြာအောင် လိုက်ရှာခဲ့ရသလို စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့ ဧပြီလ(၃၀) ရက်နေ့က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ အာဒိုဂန်က TRT Turk ရုပ်သံနဲ့…

နယူးယောက် ထောက်ပို့တော်လှန် သင်္ကြန်စျေးရောင်းပွဲက ရန်ပုံငွေ ဒေါ်လာ (၃) သောင်းကျော် ရရှိခဲ့

နယူးယောက် – ဧပြီ(၃၀) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေ စျေးရောင်းပွဲကနေ တော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ (၃) သောင်းကျော်ရရှိခဲ့တယ် လို့ New York City Burmese Community (NYCBC) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့မှာ NYCBC ကအဲဒီပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တော်လှန်သင်္ကြန်…

မြောက်ကယ်လီဖိုးနီးယားမှာ စစ်အာဏာရှင်တော်လှန်ရေး အကြိမ်(၁၀၀) မြောက် ဆန္ဒထုတ်ဖော်

ကယ်လီဖိုးနီးယား – ဧပြီ(၃၀) အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် မြန်မာပြည်လွတ်မြောက် ရေး လှုပ်ရှားမှုကော်မတီ (မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee (Northern California) က အကြိမ်(၁၀၀) မြောက်စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲနဲ့ လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၉) ရက်နေ့က ဆန်ဖရန်စ္စကို မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ…

ရန်ကုန်မှာ ဆိုင်ကယ်တွေနဲ့ ဘတ္တရီစက်ဘီးတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ရန်ကုန်၊ဧပြီ (၃၀) ရန်ကုန်မြို့နဲ့ မြို့နယ်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ဘတ္ထရီစက်ဘီးတွေကို အိမ်ထဲအထိဝင်ရောက်သိမ်းဆည်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဧပြီလ (၂၂) ရက်နေ့ နေ့ လယ်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အောင်ရတနာဆေးရုံအနီးမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ချုပ်၊ ဒုဗိုလ်မှူး ကြီး(ငြိမ်း)စိုင်းကျော်သူကို ဘတ္တရီစက်ဘီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ CCTV မှတ်တမ်းတစ်ခု ကလူမှုကွန်ရက်မှာ ပေါ်ထွက်လာပြီးနောက်ပိုင်း…

မြဝတီမြို့နယ်မဲကနယ်ဒေသကို လက်နက်ကြီးမျိုးစုံနဲ့ စစ်ကောင်စီတပ် တိုက်ခိုက်နေ

မြဝတီ၊ ဧပြီ(၃၀) စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ကျောက်တောင်ဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီကနေ သိရပါတယ်။ ဧပြီ(၂၈)ရက်နေ့ ည(၁၀)နာရီခွဲအချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မဲကနယ် ကျောက်တောင်ဒေသ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ၊ အတွဲလိုက်ပစ်ဒုံးစတဲ့ လက်နက်ကြီးမျိုးစုံနဲ့ ညလုံးပေါက် ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာပါ။ မဲကနယ်ကျောက်တောင် ဒေသတစ်ဝိုက်မှာ…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်

ဘီးလင်း၊ ဧပြီ(၃၀) မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အလုံတောင်အနီးမှာ ဧပြီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ KNU ဘီးလင်းမြို့နယ်ထဲ နယ်မြေကျူး ကျော်…

တော်လှန်ရေးအင်အားစုတွေကို အာဆီယံက တွေ့ဆုံဆွေးနွေးတာတွေရှိနေ

ရန်ကုန် ၊ ဧပြီ (၃၀) မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးရဲ့ အကျုံးဝင်မယ့် ဆွေးနွေးမှုတွေဖော်ဆောင်ဖို့နဲ့ အမြင်သ ဘောထား ကွဲပြားမှုတွေကြားမှာ ညှိနှိုင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးတာတွေ ရှိနေတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်တပ်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာတာ…