“အရပ်သားတွေပါ ပစ်မှတ်ဖြစ်လာတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုများ”
လွိုင်ကော်၊ ဧပြီ(၃၀) ပြည်သူ့ခုခံစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်အုပ်စုဟာ တော်လှန်ရေး အင်အားစုတွေကိုဖိနှိပ်ဖို့နဲ့ အသားစီးရဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အ ဓိက အသုံးပြုလာသလို အရပ်သားတွေကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရေးပေါ်ကာလ သက်တမ်းထပ်တိုးထားတဲ့ ၂၀၂၃ ခုနှစ်အတွင်း အပြင်းအထန်ဆုံး ပြုလုပ်လာသလို လေကြောင်းတိုက်ခိုက်မှုမှာလည်း အရပ်သားပစ် မှတ်တွေကိုပါ မချန်ဘဲ တိုက်ခိုက်ခဲ့လာတာပါ။ အဆိုးဆုံးအနေနဲ့…
