အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်အရေးယူမယ်လို့ NUG ပြော
ရန်ကုန်၊ မေ(၂) စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ လူထုတွေ မဲပေးရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကနေ မတရားအာဏာသိမ်းယူမှုဟာ မြန်မာနိုင်ငံကို ကြီးမားစွာထိခိုက်နစ်နာစေခဲ့ပြီး အလွှာအသီးသီးက လုပ်သားပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ တရားရေးဝန်ကြီးဌာနက…
