သတင်း

ဗြိတိန်ဘုရင် ချားလ်းရဲ့ နန်းတက်ပွဲမှာ သမိုင်းဝင်အဝတ်အစားတွေကိုသာ ပြန်လည်ဝတ်ဆင်မယ်

လန်ဒန် – မေ(၃) ဗြိတိန်ဘုရင် ချားလ်းဟာ လာမယ့်သီတင်းပတ်အတွင်း သူ့ရဲ့နန်းတက်ပွဲအတွက် သူ့မိခင် နဲ့ အဖိုးအပါအဝင် အရင်က ဝတ်ဆင်ခဲ့တဲ့ နန်းတက်အဝတ်တန်ဆာတွေကိုသာ ပြန်လည်ဝတ်ဆင် သွားမယ်လို့ သိရပါတယ်။ အသက်(၇၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချားလ်ဟာ မေလ(၆) ရက်နေ့မှာ လန်ဒန်ရဲ့ ဝက်စ်မစ်စတာ ဘာသာရေးဆရာတော်ဆီမှာ ဘာသာရေးနဲ့ သမိုင်းဆိုင်ရာ သင်္ကေတတွေနဲ့ အခမ်းအနားပြုလုပ် ပြီး သရဖူဝတ်ဆင်မှာဖြစ်ပါတယ်။…

တာလီဘန်ကိုယ်စားလှယ်ကို တရုတ်နဲ့ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဖို့ UN ခရီးသွားခွင့်ပြု

ကဘူးလ် – မေ(၃) ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရုတ်နဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို အာဖဂန်နစ္စတန်ကနေ ပါကစ္စတန်ကို သွားရောက်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရပြီး ပိုင်ဆိုင်မှုတွေလည်း သိမ်းဆည်းခံထားရတာအပြင် လက်နက်ရောင်းချမှုလည်း ပိတ်ဆို့ခံထားရတာပါ။ (၁၅) ဦးပါ လုံခြုံရေးကောင်စီအဖွဲ့ရဲ့ တာလီဘန်ကို ပိတ်ဆို့အရေးယူရေး ကော်မတီထုတ်ပြန် ချက်အရ…

ဖက်ဒရယ်တည်ဆောက်နိုင်တဲ့အထိ ခုခံစစ်ဆင်နွှဲမှာဖြစ်တယ်လို့ KNPP ကတိပြု

လွိုင်ကော် – မေ(၂) စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ကရင်နီအမျိုးသားထု လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်တည် ဆောက်နိုင်တဲ့အထိ ခုခံစစ်ဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တည်ထောင်ခြင်း(၆၆) နှစ်ပြည့်ထုတ်ပြန်ချက်မှာ ထည့်သွင်းကတိပြုထားပါတယ်။ လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်မေလ(၂) ရက်နေ့က ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ(ကသိုးခီး) ရွာမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဟာ အခုနှစ် ၂၀၂၃ ခုနှစ်…

မဲဆောက်မှာ မြန်မာနိုင်ငံသား(၂)ဦး တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းခံရ

မဲဆောက် – မေ(၂) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို သေနတ်(၂) လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ မဲဆောက်ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့ ညနေပိုင်းက မဲဆောက်မြို့ အုံးဖြန်ကားလမ်းမအတိုင်း ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန်မှာ လက်နက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့အတူ…

KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ

မော်လမြိုင်၊ မေ(၂) ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ၁၀ ဦးမြောက် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံလိုက်ရတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ KNU ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းကို အခုကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် KNU ကွန်ကရက်ညီလာခံမှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ပဒိုစောကွယ်ထူးဝင်းဟာ ညောင်လေးပင်ခရိုင် တပ်မ…

မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားဖို့ နိုင်ငံတကာကို NUG ယာယီ သမ္မတ တိုက်တွန်း

မော်လမြိုင် – မေ(၂) ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေ ကို လျစ်လျူမရှုထားကြဖို့နဲ့ ဆွေးနွေးပွဲတွေမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထား ပြီး မမေ့မလျော့ထည့်သွင်းဆွေးနွေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။ ဒီနေ့ မေလ(၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းဝေးမှာ…

အာဏာရှင်ဟောင်း ဦးသန်းရွှေ နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမယ်

နေပြည်တော် – မေ(၂) တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဟာ ဒီနေ့ မေလ(၂) ရက်နေ့မှာ နေပြည်တော်ကို ရောက်လာမှာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁) ရက်နေ့က မစ္စတာချင်ကန်းဟာ ဘေဂျင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်ဟေဇာနဲ့ တွေ့ဆုံထားပြီး…

ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပေါင်၊ မေ(၂) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားပြီး နေအိမ်ရှိ သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၁ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ရှင်းလင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဖိုးချစ်ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။…