သတင်း

နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော် စစ်ကောင်စီ ပြန်လွှတ်

နေပြည်တော် – မေ(၃) အာဏာသိမ်းစစ်ကောင်စီက ကဆုန်လပြည့်အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၂၁၅၃) ဦး ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာရှိတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူတွေကို လွှတ်ငြိမ်းခွင့်ပေးလိုက်တာပါ။ စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသား တွေကို လွတ်ပေးတာဟာ ကဆုန်လပြည့် အထိမ်းအမှတ် အပြင် ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့…

ဘီးလင်းမှာ စစ်ကောင်စီအမြောက်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ မေ(၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ အမြောက်တပ်ကို မေ(၁) ရက်နေ့ နေ့လည်ပိုင်းမှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ ထံကနေ သိရပါတယ်။ ကျေးရွာတွေထဲကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဇီးဝန်းအမြောက်တပ်ကို KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၂ ချပြီး…

စစ်အာဏာသိမ်း (၈၂၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၅၂ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၃) AAPP ရဲ့ မေ(၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၂၁)ရက်အတွင်း ပြည်သူ (၃၄၅၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၈၀၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၉၁၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

လုပ်ငန်းကဏ္ဍ ၁၀ ခု လည်ပတ်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီပြော

မော်လမြိုင်၊ မေ(၃) စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင် စီ (MSFC) က ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကော်မတီအောက်ကနေ လုပ်ငန်းကဏ္ဍ ၁၀ ခု လည်ပတ်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ ကောင်စီဝင် နိုင်ထောရော့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လုပ်ငန်းကဏ္ဍ ၁၀ ခုမှာတော့ ကာကွယ်ရေးနဲ့ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှုကူညီရေး၊ မြေယာသယံဇာတ၊…

မွန်ပြည်နယ်မှာ အပူချိန်ပြင်းထန်မှုကြောင့် မွေးမြူရေးကြက်နဲ့ဝက် သေဆုံးမှုတွေဖြစ်ပေါ်နေ

မော်လမြိုင်၊ မေ (၃) မွန်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပူချိန်ပြင်းထန်မှုကြောင့် ဒေသတွင်းမွေးမြူရေးလုပ် ငန်းတွေမှာ မွေးမြူထားတဲ့ကြက်နဲ့ဝက်တွေ သေဆုံးမှုဖြစ်ပေါ်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးကြက်နဲ့ ဝက်တွေဟာ အပူချိန်ပြင်းထန်မှုကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးတာတွေရှိသလို ရေရှားပါးတဲ့အတွက် ခြံတွေမှာရေလုံလောက်အောင် မသွင်းနိုင်တာအပြင် လိုအပ်တဲ့ဆေးဝါးတွေ မတိုက်ကျွေးနိုင်တာကြောင့် သေဆုံးမှုတွေ ဖြစ်ပေါ်နေတာပါ။ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကတော့ မွေးမြူရေးကြက်နဲ့ဝက်သေဆုံးမှုဟာ အပူချိန်ပြင်းထန်မှုအ ပေါ် မူတည်နေတာကြောင့်…

တနင်္သာရီ စစ်ဆေးရေးဂိတ်တွေမှာ ငွေအတောင်းကြမ်းနေ

တနင်္သာရီ၊ မေ(၃) တနင်္သာရီတိုင်းဒေသကြီးအဝင် ရေဖြူမြို့နယ် မလွှဲတောင်ဂိတ်ကနေ မြိတ်မြို့အထိ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေရှိနေတယ်လို့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီပြည်ထောင်စု လမ်းမကြီးတလျှောက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်းဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ ၂၀၂၃ ခုနှစ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ တိုးချဲ့ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ် ၃၀ နီးပါး…

ကျိုက်ထိုမြို့နယ်မှာ စစ်ရေးအရှိန်အဟုန်တိုးမြှင့်မယ်လို့ KRF ထုတ်ပြန်

ကျိုက်ထို၊ မေ(၃) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အခုလကစပြီး စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး စစ်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က မေလ ၁ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန် လိုက်ပါတယ်။ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်မှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေး၊ ထိခိုက်နစ်နာမှု မရှိစေဖို့ အခုလို အသိပေးထုတ်ပြန်ရတာလို့…

ထိုင်းဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ ရေပန်းစားနေတဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူ ရွေးကောက်ပွဲမတိုင်ခင် ကလေးမွေးဖွား

ဘန်ကောက်၊ မေ(၃) လာမယ့် မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂ ပတ်အလိုမှာ အမြင့်ဆုံးရာထူးအတွက် ရှေ့ပြေးကိုယ်စားလှယ်လောင်းဖြစ်နေတဲ့ မစ္စဖယ်တုံတန် ရှင်နာဝါထရာဟာ သူ့ရဲ့ ဒုတိယကလေးငယ်ကို မေ(၁)ရက်နေ့မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ အသက် ၃၆ နှစ်အရွယ် ဖယ်တုံတန်နဲ့ သူ့ရဲ့ ခင်ပွန်းသည်နဲ့ ကလေးငယ် လေးရဲ့ ဓာတ်ပုံ…