ထားဝယ်မှာ ဦးပိုင်အရာရှိတွေ လိုက်ပါလာတဲ့ယာဉ်တန်း တိုက်မိုင်းထိ
ထားဝယ်၊ ဇွန်(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့ဘဝပင်ကျေးရွာကြားမှာ ဦးပိုင်အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းတိုက်မိုင်းထိတာကြောင့် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိန္နားသတ္တုတွင်းစစ်ဆေးပြီး ပြန်လာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ဇွန် ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲတောင်ကနေ ထားဝယ်ဘက်သို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၂ ကြိမ်…
