ကိုဗစ်-၁၉ ကြောင့် ရေးဒေသထွက် ကွမ်းသီး ပြည်ပတင်ပို့မှု ရပ်နားထားရ
ရေး ၊ ဩဂုတ် (၁၁) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေးဒေသထွက် ကွမ်းသီးတွေကို ပြည်ပတင်ပို့မှု လုံးဝ ရပ်နားထားရတယ်လို့ ဒေသတွင်း ကွမ်းစိုက်ပျိုးသူတွေက ပြောပါတယ်။ အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက တမူး-မိုးရေး စစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လ (၁၀) ရက်နေ့ကတည်းက ပိတ်ထားတာကြောင့် ရေးဒေသထွက်ကွမ်းသီးတွေ ဈေးနှုန်းများ ကျဆင်းလာပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် အေးနေပြီး…
