ရွှေမြိုင်သီရိဈေး အဆင့်မြှင့်တင်မှုနဲ့ ပတ်သတ်ပြီး လာမည့် တနလာၤနေ့နောက်ဆုံးထား၍ သဘောထားပေးပို့ရန် ဝန်ကြီးချုပ်ပြော
မော်လမြိုင်၊ မေ ၂၄ ရွှေမြိုင်သီရိဈေးအဆင့်မြှင့်တင်ဖို့အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူရပ်ကွက်သားများအကြားတွင် သဘောထားကွဲလွဲမှုတွေ ရှိနေသည့်အတွက် လာမည့်တနလာၤနေ့တွင် နောက်ဆုံးသဘောထားပေးပို့ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြောဆိုခဲ့သည်။ ရွှေမြိုင်သီရိရပ်ကွက် ကျောင်းတိုင်ဘုန်းတော်ကြီးကျောင်းတွင် မေလ (၂၃)ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရွှေမြိုင်သီရိ ဈေးသူဈေးသားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ပြည်သူလူထုသက်သာချောင်ချိစေရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ဈေးတွေမှာ ရင်းနှီးမြုပ်နှံပေးနေတာပါ” ဟု…
