Thanlwintimes

ရဲတပ်ဖွဲ့နှင့် အခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်ပါက မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များမှ အခွန်များစွာ ရရှိနိုင်သည့် ဟုဆို

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ မော်လမြိုင်၊ မတ် ၂၅ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ်အခွန်ဌာနတို့ ပူးပေါင်းဆောင်ရွက်ပါက မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များမှ ပြည်နယ်အတွက် အခွန်များစွာ ရရှိနိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ သံထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။ “ဘာကြောင့်လဲဆိုတော့ နံပါတ်တစ်က တည်ခိုးတဲ့သူတွေရဲ့စာရင်းအစ နေ့စဉ် နယ်မြေခံရဲစခန်းကို…

၆ကြိမ်မြှောက်တိုင်းရင်းမီဒီယာညီလာခံကို ဘားအံမြို့တွင်ကျင်းပမည်

Burma News International(BNI) မှ တိုင်းရင်းမီဒီယာညီလာခံကို 2013 ခုနှစ်မှ စတင်ပြီး တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့သည်မှာ ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။ ၆ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ၂၀၁၈ ခုနှစ် ဧပြီ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ တိုင်းရင်းမီဒီယာညီလာခံတွင် စာတမ်းများကိုလည်း ဖတ်ကြားသွားမည်…

မွန်ပြည်သစ်နှင့် KNU တို့ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

မော်လမြိုင်၊ မတ် ၁၄ ဘုရားသုံးဆူမြို့၊ မွန်ပြည်သစ်ဆက်ဆံရေးရုံးတွင် မတ်လ ၁၃ ရက်နေ့၌ မွန်ပြည်သစ်ပါတီနှင့် KNU တွေ့ဆုံခဲ့စဉ် နှစ်ဘက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဒေသခံများ စိုးရိမ်မှုများ ပပျောက်သွားရန် ရှင်းလင်းပွဲများ ပြုလုပ်သွားရန် ညှိနှိုင်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။ “ကျွန်တော်တို့အဖွဲ့ ၂ ဖွဲ့နဲ့ အတူ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံတွေ ပါဝင်ပြီး…

သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များက ယခုနှစ်ရာသီတွင် ငါးဖမ်းခွင့်ပေးရန် အသနားခံစာတင်မည်

မော်လမြိုင်၊ မတ် ၁၄ မြန်မာပင်လယ်ပြင်၏ ငါးသယံဇာတကို ရေရှည်ထုတ်ယူနိုင်ရန် ယခုနှစ် မေလ ၁၅ ရက်မှ သြဂုတ်လ ၁၆ ရက်နေ့ထိ ငါးဖမ်းရာသီတွင် ငါးဖမ်းခွင့်ပိတ်လိုက်သဖြင့် ငါးဖမ်းခွင့် ရာခိုင်နှုန်းအနည်းငယ် ပြန်လည်ခွင့်ပြုပေးရန် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှ ငါးလုပ်ငန်းရှင်များ မတ် ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနသို့ သနားခံစာတင်သွားမည်ဖြစ်ကြောင်း အဆိုပါ ငါးလုပ်ငန်းရှင်များထံမှ သိရသည်။ “ကျွန်တော်တို့…

ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆုကို အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောာင်သည့် မွန်တိုင်းရင်းသူ ဒေါ်ခင်သန်းထွေရရှိ

အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူ ဒေါ်ခင်သန်းထွေး မော်လမြိုင်၊ မတ် ၁၃ ဥရောပသမဂ္ဂမှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် EU Schuman ဆိုကို လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် မွန်တိုင်းရင်းသူတစ်ဦးဖြစ်သည့် အမျိုးသမီးအခွင့်အရေးလုပ်ဆောင်သူ ဒေါ်ခင်သန်းထွေးရရှိကြောင်း သိရသည်။ ဒေါ်ခင်သန်းထွေးသည် မော်လမြိုင်မြို့အခြေစိုက် မွန်ပြည်နယ်လုံးဆိုင်ရာအမျိုးသမီးများနှင့် ကလေး သူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ၏ ပြည်နယ်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်ပြီး အမျိုးသမီးရေးရာကော်မတီဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ပါသည်။ “ဒီဆုကိုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ တကယ်တော့ ဒီလူ့အခွင့်အရေးကာကွယ်စောင့်…

မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်

ရေး ၊ ဖေဖေါ်ဝါရီ ၂၅ ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ တစ်ခဏတာဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရမှုမကြားသိရသေးသော်လည်း ကေအင်န်ယူဘက်က သေနတ် ၂ လက်ဆုံးရှုံးခဲ့ကြောင်း မာန်အောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။ ” မနေ့နေ့လယ်ပိုင်းကတိုက်ပွဲဖြစ်တယ်လို့ကြားသိရတယ်၊ ကရင်ဘက်က သေနတ်…

ရေးမြို့နယ်သို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံဆောက်လုပ်ခြင်းအတွက် ကျပ်သန်းပေါင်း ၁၂၀၀ ကျော်လျာထား

ရေး ၊ ဖေဖေါ်ဝါရီ ၂၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံဆောက်လုပ်ခြင်းအတွက် ရံပုံငွေကျပ်သန်းပေါင်း ၁၂၇၄ သန်းထည့်သွင်းလျာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ်အတွင်းရှိ ပြည်သူများကို မဟာဓာတ်အားလိုင်းမရောက်ရှိသေးမီစပ်ကြား…

လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲ မော်လမြိုင်တွင်ပြုလုပ်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လူငယ်ကိုယ်စားလှယ်များပူးပေါင်းရေးဆွဲထားသော မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ရှိ၊ ဓါတုမာလာ ကျောင်းတိုက်တွင် ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့များ၊ မွန်ပြည်နယ်တဝှမ်းမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ အစီအစဉ်ဒုတိယပိုင်းအနေဖြင့် ဖေဖော်ဝါရီလ ၁၉၊ ၂၀ ရက်နေ့တွင် လူငယ်ရေးရာမူဝါဒအကောင်အထည်ဖော်ရေးကော်မတီ(မွန်ပြည်နယ်)အတွက် ကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်ခြင်းတို့ကို…

ရေးမြို့တွင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကြက်တောင်ရိုက်ပြိုင်ပွဲပြန်လည်ကျင်းပ

ရေး ၊ ဖေဖေါ်ဝါရီ ၁၉ ရေးမြို့နယ်တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်ပေါင်းစုံကြက်တောင်ရိုက်ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ မိုးလုံလေလုံပြည်သူ့အားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ၇၁ နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် ၇ ရပ်ကွက်မှ အသင်းပေါင်း ၁၇ သင်းမှ သက်ကြီးလူဟောင်းတန်းနှစ်ယောက်တွဲနှင့်…

မန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားအဆင့် ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ လူထု လှုံ့ဆော် လှုပ်ရှားမှုလုပ်ငန်း စတင်မှုအကြောင်း သတင်းထုတ်ပြန်ချက်

“ကျွန်မသေတော့မလိုအထိ ခံစားခဲ့ရပါတယ်!” ဟုအစချီထားသော ဆေးယဉ်ပါးတီဘီလူနာတစ်ယောက် ကိုယ်တိုင်ပြောကြားထားသည့် သက်သေခံချက်သည် ဆေးယဉ်ပါးတီဘီရောဂါရဲ့ အန္တရာယ်၊ ရောဂါရှာဖွေ စစ်ဆေးမှု ခံယူရန်နေရာ၊ ရရှိနိုင်သောဆေးကုသမှုများနှင့် တီဘီရောဂါကူးစက်မခံရအောင် မည်သို့ရှောင်ရှားရမည်ကို ထိရောက်စွာ သတိပေးနေပါသည်။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန်၊ မြန်မာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း အနေဖြင့် ဆေးယဉ်ပါးတီဘီရောဂါ အန္တရာယ်များကို…