မွန်ပါတီ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့မှာ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမည်
မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်း ၅…
