Thanlwintimes

အာဏာသိမ်းမှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၁၀ သန်းနီးပါး ပညာသင်ယူခွင့်ဆုံးရှံးနေ

ရန်ကုန် ၊ ဖေဖော်ဝါရီ (၄) စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်ကနေ လက်ရှိပညာသင်နှစ်အထိ ကျောင်း သား၊ကျောင်းသူ အနည်းဆုံး ၈ သန်းကနေ ၁၀ သန်းအထိ ပညာသင်ယူခွင့်ဆုံးရှုံးနေတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့…

စစ်အာဏာသိမ်း (၇၃၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၅၁ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၄) AAPP ရဲ့ ဖေဖော်ဝါရီ(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၃)ရက်အတွင်း ပြည်သူ (၂၉၅၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၄၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်အုပ်ချုပ်ရေးကြေညာမှုကို ဂရုစိုက်မှာမဟုတ်သလို စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေသ PDF ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို ဂရုစိုက်သွားမှာမဟုတ်သလို နွေဦးတော်လှန် ရေး ပိုမိုအရှိန်အဟုန်မြှင့်တင်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းထပ်တိုးပြီးနောက် တိုင်းဒေသကြီးနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး…

ရေး – သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရေး၊ ဖေဖော်ဝါရီ(၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး – သံဖြူဇရပ်ကားလမ်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားတယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီနေ့ မနက် ၈ နာရီလောက်မှာ အောင်သပြေကျေးရွာအနီး ကင်းပုန်းလာဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက် ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်…

စစ်အုပ်စုအုပ်ချုပ်နေသရွေ့ နောက်ခြောက်လလည်း တိုင်းပြည်တည်ငြိမ်မှာမဟုတ်ဘူးလို့ NUG တုံ့ပြန်

နေပြည်တော် ၊ ဖေဖော်ဝါရီ (၄) တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအရပ်ရပ်ကို လုယူထားတဲ့ စစ်အုပ်စုက အာဏာလက်မလွှတ်ရင် နောက်ခြောက်လလည်း တိုင်းပြည်အခြေအနေ တည်ငြိမ်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံအစည်း အဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့် မဖြစ်သေးကြောင်းနဲ့…

ဖမ်ဆီးခံ ကံပေါက်ဒေသခံ ၁၁ ဦး ပြန်လွတ်လာ၊ ၃ ဦး ဆက်လက်ဖမ်းဆီးခံထားရ

ရေဖြူ၊ ဖေဖော်ဝါရီ(၄) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၁ ဦး ပြန်လွတ်လာပေမယ့် ၃ ဦး ကျန်နေသေးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၁ ဦးကို မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းမှာ မောရဝတီရေတပ်စခန်းကနေ နေအိမ်တွေကို လာပြန်ပို့သွားခဲ့တာပါ။…

မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်ဟာ အာဏာရှင်အလိုကျ မွန်လူထုကိုသွေးခွဲတာလို့ Lion စစ်ကြောင်းထုတ်ပြန်

မော်လမြိုင်၊ ဖေဖော်ဝါရီ(၄) ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးရှိ တိုက်ပွဲမှာ ဒေသခံနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ သထုံခရိုင်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ အာဏာရှင်အလိုကျ မွန်လူထုကို သွေးခွဲတယ်လို့ မှတ်ယူနိုင်ပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ KTLA ရဲ့ Lion Battalion Commamdo ဗျူဟာစစ်ကြောင်းက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၀)ရက်နေ့ကနေ…

မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုအဖြစ် သမိုင်းဝင်မှာဖြစ်တယ်လို့ NUG ပြော

မော်လမြိုင် – ဖေဖော်ဝါရီ(၃) နွေဦးတော်လှန်ရေးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်လိုက်ရင် မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု အဖြစ် သမိုင်းဝင်ကျန်ရစ်မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃) မှာ အခုကလို ပြောခဲ့တာပါ။ “ကာကွယ်ရေး အုပ်ချုပ်ရေးမှာ ဦးဆောင်မှုပြုနေတဲ့ အစိုးရအဖွဲ့ဝင်များအနေနဲ့ လူထုအခြေပြု…