တိုကျို၊ ဇူလိုင် ၄
ထိုင်းလေဆိပ်ကနေ ထွက်လာတဲ့ လေကြောင်း ခရီးစဉ်တွေနဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ အများကြီး ရှိခဲ့ပြီးနောက် ဂျပန် အာဏာပိုင်တွေက ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
ထိုင်းလေကြောင်းလိုင်း ဝန်ထမ်း တစ်ဦး ဘိန်းဖြူမှောင်လိုကူးတယ်ဆိုတဲ့ အမှု အပါအဝင် စောစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ပုံရိပ်နဲ့ ပတ်သက်လို့ ပိုမိုစိုးရိမ်စရာတွေ ရှိလာကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
ဂျပန် အကောက်ခွန်ဆိုင်ရာ အချက်အလက်တွေနဲ့ မကြာသေးခင်က ဖမ်းဆီးမှု သတင်းတွေမှာ မေလနဲ့ဇွန်လကြား အမှု တချို့ရှိခဲ့ပြီး ထိုင်းနိုင်ငံက စတင်တဲ့ ခရီးသည်တွေ ဒါမှမဟုတ် ပစ္စည်း တင်ပို့မှုတွေ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အမှုတွေ ကြောင့် ထိုင်းနိုင်ငံက လာရောက်တဲ့ ခရီးသည်တွေ အခုအချိန်မှာ ဂျပန် အရာရှိတွေက ပိုပြီး အနီးကပ် စစ်ဆေးတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
၂၀၂၆ နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ အမှု ၅၁ မှု ရှိခဲ့ကြောင်း ဂျပန် အကောက်ခွန် စားရင်းဇယားတွေအရ သိရပါတယ်။
အဲဒီ အမှုတွေထဲက ၁၁မှုဟာ ထိုင်းနိုင်ငံရှိ လေတိပ်တွေက လာတဲ့ ခရီးသည်တွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
အဲဒီ စာရင်းမှာ ဖော်ပြထားတဲ့ စုစုပေါင်း အမှုရဲ့ ၂၁ ဒသမ ၆ ရာခိုင်နှုန်းဟာ ထိုင်းလေဆိပ်တွေက လာသူတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေမှာ ဆေးခြောက်တွေ၊ မက်သာဖက်တမင်းတွေ၊ ကက်တာမင်းနဲ့ MDMA ၊ THCစတဲ့ မူးယစ်ဆေးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
အဲဒီ အမှုတွေဟာ ဒွန်မောင်း၊ သုဝဏ္ဏဘူမိနဲ့ ချင်းမိုင် လေဆိပ်တို့ အပါအဝင် ထိုင်းနိုင်ငံရဲ့ အဓိကလေဆိပ်တွေက ထွက်လာသူတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေဟာ ထိုင်းလမ်းကြောင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ဂျပန် အရာရှိတွေက ထိုင်းလေကြောင်းလိုင်း လေယာဉ်တွေနဲ့ လာရောက်သူတွေကို အရင်ကထက် တင်းတင်းကြပ်ကြပ် စစ်ဆေးမှာ ဖြစ်ပါတယ်။
မေ ၁၈ ရက်က ဖူကူအိုကာ လေဆိပ်မှာ ဆေးခြောက်တွေ စစ်ဆေးတွေ့ရှိခဲ့ပြီး ဒွန်မောင်းလေဆိပ်က ထွက်လာတဲ့ လေယာဉ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
မေ ၂၁ ရက်က ဖူကူအိုကာ လေဆိပ်မှာ THC တွေ ရှာဖွေတွေ့ရှိခဲ့ပြီး ဒွန်မောင်းလေဆိပ်က စတင်တဲ့ လမ်းကြောင်းက ပါလာတာ ဖြစ်ပါတယ်။
မေ ၂၆ ရက်ကလည်း ဖူကူအိုကာ လေဆိပ်မှာပဲ မက်သာဖက်တမင်းတွေ စစ်ဆေးတွေ့ရှိခဲ့ပြီး သုဝဏ္ဏဘူမိ လေဆိပ်က စတင်တဲ့ ခရီးစဉ်မှာ ပါလာတာ ဖြစ်ပါတယ်။
ဂျပန် လေဆိပ်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး လေဆိပ်တွေက ထွက်လာတဲ့ လေကြောင်းခရီးစဉ်တွေနဲ့ ပါလာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက် ထိန်းချုပ်မှုကို တင်းကြပ်ထားပြီး စောစောပိုင်းက အပန်းဖြေသုံးစွဲခွင့် ပြုခဲ့တာကို ပြန်လည် တင်းကြပ်ထားပေမယ့် ဂျပန် အကောက်ခွန် စာရင်းတွေအရ ထိုင်းဟာ ဂျပန် ဖမ်းဆီးရမိတဲ့ ဆေးခြောက်တွေနဲ့ အဓိက ဆက်စပ်နေတဲ့ နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref:The Nation

