လန်ဒန်၊ ဇွန် ၁၅

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ အဓိက ကြေညာချက်တွေထဲမှာ အသက် ၁၆ နှစ် အောက် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်သွားမယ်လို့ ဖော်ပြထားပါတယ်။

Snapchat၊ TikTok ၊YouTube ၊Instagram၊ Facebook နဲ့ X လူမှုမီဒီယာတွေ ကိုပဲ တားမြစ်မှာ ဖြစ်ပြီး WhatsApp နဲ့ Signal မပါဝင်ဘူးလို့ ဗြိတိန် အစိုးရက ပြောပါတယ်။

ရာနှုန်းပြည့် တားမြစ်မှုဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပြီး ကလေးငယ်များ ဘေးကင်းရေး၊ပျော်ရွှင်ရေးကို ထိခိုက်စေဖို့ ကျွန်တော် ကြိုတင်မပြင်ဆင်ထားပါဘူးလို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။

အွန်လိုင်း စိန်ခေါ်မှု တစ်ခုမှာ ပါဝင် ယှဉ်ပြိုင်ရင်း အသက်ဆုံးပါးသွားခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် နိုအာရဲ့ မိခင်ဖြစ်သူ လောက်စီ ဂစ်ဘ်ဆင်ကတော့ ဒီတားမြစ်မှုကို ကြိုဆိုပြီး ကလေးသူငယ်တွေ အခွင့်အရေး ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၁၆ နှစ်အောက်အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်မယ့် အပြင် အန္တရာယ်ရှိတဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေကိုလည်း တားမြစ်သွားမှာ ဖြစ်ပြီး ညအချိန်နဲ့ ကန့်သတ်ပြီး တားမြစ်ဖို့ ဆောင်ရွက်နိုင်ခြေရှိကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

ကမ္ဘာမှာ ပထမဆုံး နိုင်ငံအနေနဲ့ သြစတြေးလျက လူငယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ခဲ့ပြီး တခြားနိုင်ငံများကလည်း အလားတူ ဥပဒေမျိုး ပြဌာန်းဖို့ လေ့လာ စီစဉ်နေပါတယ်။

ဗြိတိန်အစိုးရရဲ့ အခု တားမြစ်မှုကို လူဦးရေ ၈၉ ရာခိုင်နှုန်း ထောက်ခံကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့ စစ်တမ်းမှာတော့ တားမြစ်ခံရတဲ့ ကလေးတွေရဲ့ မိဘ ၇၇ ရာခိုင်နှုန်းကပဲ အစိုးရရဲ့ တားမြစ်ချက်ကို လက်ခံကြောင်း ဖော်ပြထားပါတယ်။

ကလေးသူငယ် အသုံးချစေခိုင်းမှု အွန်လိုင်း ကာကွယ်ရေး စင်တာ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ဂျင် ဂမ်းဘဲလ်ကတော့ အားလုံးခြုံပြီး တားမြစ်မှု အလုပ်ဖြစ်လိမ့်မယ်လို့ ပြောတဲ့ လူမှုမီဒီယာ ကျွမ်းကျင်သူ တစ်ယောက်မှ မရှိဘူးလို့ ထင်ကြောင်း ပြောပါတယ်။

လူမှုမီဒီယာကို အစိုးရက တားမြစ်လိုက်ပေမယ့် သြစတြေးလျမှာ VPN သုံးပြီး လူမှုမီဒီယာ သုံးနေတဲ့ ကလေးတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီလို တားမြစ်မှုကြောင့် အွန်လိုင်းပေါ်မှာ ကလေးငယ်တွေကို ပိုမို မှောင်မိုက်တဲ့ နေရာဆီ ရောက်ရှိသွားစေနိုင်တယ်လို့ ပညာရှင်တွေက ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.