သထုံမြို့နယ်မှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ
သထုံ၊ ဒီဇင်ဘာ ၂၈ မွန်ပြည်နယ် သထုံမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဒီဆန္ဒပြပွဲကို ကရင်လူငယ်အစည်းအရုံး KYO နဲ့ KNU ဒူးသထူခရိုင်အတွင်းရှိ တာဝန်ရှိခေါင်းဆောင်တွေက ဦးဆောင်ပြီး သထုံမြို့နယ်အတွင်း ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြပွဲကို…
