November 2025

သရက်ချောင်းတိုက်ပွဲမှာ PDF ရဲဘော်နှစ်ဦးကျဆုံး

သရက်ချောင်း၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်နဲ့ အောက်တိုဘာလ ပထမအပတ်အတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ ပဒက်ချောင်းကြီးကျေး ရွာတို့မှာ နှစ်ဖက်တိုက်ပွဲ…

အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ နှစ်ပတ်အတွင်း သောက်ရေ ကုန်ခမ်းတော့မယ်

တီဟီရန်၊ နိုဝင်ဘာ ၄ အီရန်နိုင်ငံမှာ သမိုင်းဝင် မိုးခေါင်ရေရှား ဖြစ်မှုကြောင့် မြို့တော် တီဟီရန် ဒေသခံတွေအတွက် အဓိက သောက်ရေအရင်းအမြစ်ဟာ လာမယ့် သီတင်းနှစ်ပတ်အတွင်း ကုန်ခမ်းတော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ တီဟီရန်မြို့အတွက် သောက်ရေပေးနေတဲ့ ဆည် ၅ ခုထဲက တစ်ခု ဖြစ်တဲ့ အမာ ခါဘာဆည်ဟာ သီတင်းနှစ်ပတ်အတွင်း ရေခမ်းခြောက်သွားနိုင်တဲ့…

မြန်မာကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းခံရပြီးနောက် ဝန်ထမ်းအသစ်တွေ အလျင်အမြန် ရှာဖွေနေ

ဘန်ကောက်၊ နိုဝင်ဘာ ၄ မြန်မာနိုင်ငံရှိ နာမည်အဆိုးဆုံး ကျားဖြန့်ဂိုဏ်းစုရပ်တွေထဲက တစ်ခု နှိမ်နှင်းခံရမှုကြောင့် လူသစ် ဝန်ထမ်းသစ် ရှာဖွေမှုတွေ အလျင်အမြန် ပြုလုပ်နေပြီး ထွက်ပြေးလာတဲ့ ကျားဖြန့် အလုပ်သမားတွေဟာ နီးစပ်ရာ ကျားဖြန့်လုပ်ငန်းတွေမှာ အလျင်အမြန် စာရင်းပေးနေကြကြောင်း ပညာရှင်တွေနဲ့အတွင်းလူတွေက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှတဝှမ်း မှိုလိုပေါက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတဝှမ်းက သံသယမရှိတဲ့ လူတွေကို…

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက်တိုက်ခံရတာကြောင့် ၈ ဦးသေဆုံး

လောင်းလုံး၊ နိုဝင်ဘာ ၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာနဲ့ ကမ်းပနီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။ တပ်အင်အား ၇၀ ဝန်းကျင်ဖြင့် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာဘက်မှ ကရင်ကြီးကျေးရွာနဲ့ ကမ်းပနီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့…

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရသူ ၁၀၀ နီးပါးရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၄ လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူခံရသူ ၁၀၀ နီးပါး ရှိလာတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။ ရွေး‌ကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ် ဝေဖန်ရေးသားတာ၊ Love React ပေးတာတွေ လုပ်ခဲ့တဲ့ ဒါရိုက်တာ သုံးဦးနဲ့…

ကျိုက်မရောမှာ စစ်ကော်မရှင်စစ်ကြောင်း ကျေးရွာတွေကို ဝင်မွှေနေ

ကျိူက်မရော၊ နိုဝင်ဘာလ ၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတုံစိကျေးရွာအနီးရှိ MCL ဘိလပ်မြေစက်ရုံမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းဟာ အထိုင်ချပြီး ကျေးရွာတွေကို ဝင်မွှေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၃ ရက်နေ့ထိ အင်အား ၂၀၀ ခန့်ပါဝင်တဲ့ စစ်ကော်မရှင် စစ်ကြောင်း ဟာ MCL ဘိလပ်မြေစက်ရုံဧရိယာအတွင်းမှာ အထိုင်ချထားပြီး ကတုံစိ၊…

နှစ်နိုင်ငံနယ်စပ်က လက်နက်ကြီးတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယား စတင် ဖယ်ရှား

ဘန်ကောက်၊ နိုဝင်ဘာ ၄ နှစ်နိုင်ငံကြား ပြီးခဲ့တဲ့ သီတင်းပတ်က ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီးနောက် တင်းမာမှု လျှော့ချရေး ခြေလှမ်းတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူပိုင်ငါပိုင် ပြောဆိုနေတဲ့ နယ်စပ်တလျှောက် ထိုင်းနဲ့ကမ္ဘောဒီးယားက လက်နက်ကြီးများကို စတင် ဖယ်ရှားနေပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်နေကြောင်း ထိုင်းအရာရှိတွေက နိုဝင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်ဆိုင်ရာ…

ရုရှားရန် တားဆီးဖို့ Patriot လေကြောင်းကာကွယ်ရေးစနစ် ယူကရိန်း ထပ်မံ လက်ခံ ရရှိ

ကိဗ်၊ နိုဝင်ဘာ ၄ ရုရှားရဲ့ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးရေး အမေရိကန်နိုင်ငံထုတ် Patriot လေကြောင်းကာကွယ်ရေးစနစ်တွေကို ထပ်မံ လက်ခံရရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။ ညအချိန် နောက်ဆုံးတိုက်ခိုက်မှုအတွင်း လူ ၁ ဦး သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် သူ့ရဲ့ မိသားစုဝင် ၅…

စစ်အာဏာသိမ်း (၁၇၃၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၄ AAPP ရဲ့ နိုဝင်ဘာ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၃၇) ရက်အတွင်း ပြည်သူ (၇၄၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၉၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အပစ်အခတ်ရပ်စဲတာဟာ အင်အားပြန်လည်စုစည်းတာလို့ TNLA ခေါင်းဆောင်ပြော

မိုးကုတ် ၊ နိုဝင်ဘာ ၄ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်တပ်နဲ့ တအာင်းတပ်တို့ အပစ်အခတ်ရပ်စဲမှုအပေါ် အင်အားပြန်လည်စုစည်းဖို့ နားတာဆိုပြီး TNLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်တာဘုန်းကျော်က သူ့သဘောထားကို ထုတ်ပြောလာပါတယ်။ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အပေါ် ပြင်းထန်မြန်ဆန်လို့ ပေါက်ကွဲ ခံစားမှုတွေအတွက် နားလည်ကြောင်းနဲ့ စီးပွားရေးနွံနစ် ဆွေမျိုး အဆီရစ်တဲ့ ကာလမျိုး မဟုတ်ဘဲ လေယာဉ်ဗုံးကြဲဒဏ် ဒရုန်းမိုးရွာဒဏ်ကို အတူခံနေကြရတာလို့…