ဘေဂျင်း၊ နိုဝင်ဘာ ၁၅
ဒါဒွန်ဂူဒေသမှာ နိုဝင်ဘာ ၁၄ ရက်က ရွှေကြောကြီး တစ်ခု ရှာဖွေတွေ့ရှိထားကြောင်း တရုတ် သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဒါက ၁၉၄၉ ခုနှစ်မှာ ပြည်သူ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်ပြီး နောက်ပိုင်း နိုင်ငံတွင်း ပထမဆုံး ရှာဖွေတွေ့ရှိတဲ့ အကြီးမားဆုံး ရွှေသိုက် ဖြစ်ပါတယ်။

အဲဒီနေရာမှာ သတ္တုရိုင်း တန်ချိန် ၂ ဒသမ ၅၈၆ သန်း ရှိပြီး ၁ ဂရမ်မှာ ရွှေ ဝ ဒသမ ၅၆ ဂရမ် ပါဝင်နိုင်ပြီး စုစုပေါင်း ရွှေ ၁၄၄၄ တန် ထွက်ရှိနိုင်တယ်လို့ တရုတ် အရာရှိတွေက ခန့်မှန်းထားပါတယ်။
လက်ရှိ ဈေးနှုန်းအရ အဲဒီ ရွှေပမာဏာဟာ ယူရို ၁၆၆ ဘီလီယံကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။
အခုအတွင်း ရွှေဈေး စံချိန်တင် မြင့်တက်ခဲ့ပြီး တစ်ကီလိုကို ယူရို ၁၁၅၀၀၀ အထိ ပေးဝယ်ခဲ့ရပါတယ်။
အဲဒီ စီမံကိန်းကို အစိုးရပိုင် Liaoning Geological and Mining Group က ကိုင်တွယ်နေပြီး နည်းပညာရှင်တွေနဲ့ အလုပ်သမား ၁၀၀၀ နီးပါး ချထားပါတယ်။

အဲဒီ ရွှေသိုက်ကို ၁၅ လအတွင်း အပြီးသတ် ရှာဖွေနိုင်ခဲ့တာကြောင့် အဲဒီလောက်များတဲ့ ပမာဏအတွက် ရှာဖွေလေ့လာချိန် အရမ်းတိုတောင်းတယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီ ဝန်ကြီးဌာနက အဲဒီ ရှာဖွေတွေ့ရှိမှုဟာ အရမ်းကြီးမားပေမယ့် အဆင့်နိမ့်ကြောင်းနဲ့ စီးပွားရေးအရ ကနဦး တွက်ချက်မှုတွေ ပြုလုပ်ထားပြီးပြီးလို့ ပြောပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေက တည်နေရာ အတည်အကျကို ထုတ်ဖော် မပြောဘဲ လျာအိုနင်း ဒေသထဲမှာ တွေ့ရှိထားတာလို့ပဲ ပြောထားပါတယ်။
ရွှေဝယ်လိုအားဟာ အခုနှစ်အတွင်း ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်နေချိန်မှာ အခုလို တရုတ်မှာ ရွှေသိုက် ရှာတွေ့တာ ဖြစ်ပါတယ်။
ဒေါ်လာဈေး အားနည်းတာ၊ ပထဝီ နိုင်ငံရေး တင်းမာမှုတွေ ပိုများလာတာနဲ့ ဗဟိုဘဏ်တွေရဲ့ အားကောင်းတဲ့ ဝယ်ယူမှု၊ အထူးသဖြင့် ထွန်းသစ်စ စီးပွားရေး နိုင်ငံတွေရဲ့ ဝယ်ယူမှုများလာတာကြောင့် ရွှေဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။
Ref:Euronews

