September 2025

လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်မှာ ဓါးပြတိုက်မှု ခပ်စိပ်စိပ်ဖြစ်လာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ အာဏာသိမ်း စစ်ကော်မရှင်တပ် လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း ဓါးပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ် အပြည့်အဝထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်မှာ စက်တင်ဘာ ၁၁ ရက်နေ့က လူနေအိမ် တစ်လုံး ဓားပြတိုက်ခံရပြီး အခေါက်ရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း…

ပုလောမှာ စခန်းပြန်သိမ်းလာတဲ့ စစ်တပ်စစ်ကြောင်းအထိနာပြီး ပြန်ဆုတ်သွားရ

ပုလော၊ စက်တင်ဘာ ၁၃ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ထမင်းမစားကျေးရွာ တပ်စခန်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ KNU က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၉ ရက်နေ့စလို့ ထမင်းမစားကျေးရွာ တပ်စခန်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

မြဝတီ၊ စက်တင်ဘာ ၁၃ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က နေရာတော်တော်များများမှာ တပ်စွဲနေရာယူလိုက်ကာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ လုံခြုံ ရေးယူထားတဲ့ BGF တပ်ကိုလည်း ဖယ်ရှားလိုက်တယ်လို့ မြဝတီဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာ သိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး…

ကာတာ တိုက်ခိုက်မှုအတွက် အစ္စရေးကို အမည်မတပ်ဘဲ ကုလ လုံခြုံရေးကောင်စီ ပြစ်တင်ရှုတ်ချ

နယူးယောက်၊ စက်တင်ဘာ ၁၂ အခု သီတင်းပတ် စောစောပိုင်းက ကာတာကို တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စက်တင်ဘာ ၁၁ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပြီး တင်းမာမှု အရှိန်လျှော့ချဖို့ တိုက်တွန်းထားပေမယ့် တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ အမည်ကို ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။ တင်းမာမှု လျှော့ချဖို့ အရေးကြီးကြောင်း လုံခြုံရေးကောင်စီက ပြောကြားပြီး သူတို့အနေနဲ့ ကာတာနဲ့…

အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဘရာဇီးသမ္မတဟောင်း ထောင် ၂၇ နှစ် ချမှတ်ခံရ

ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၁၂ စစ်အာဏာသိမ်းရေး ကြံစည်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးသမ္မတဟောင်း ဂျာယာ ဘိုလ်ဆိုနာရိုဟာ ထောင် ၂၇ နှစ်နဲ့ ၃ လ ချမှတ်ခံလိုက်ရပါတယ်။ တရားရုံးချုပ် တရားသူကြီး ၅ ဦးပါဝင်တဲ့ အဖွဲ့က သမ္မတဟောင်း ဘိုလ်ဆိုနာရို အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အခုလို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂၂…

ကျောက်တော်မှာ စာသင်ကျောင်း ဗုံးကြဲခံရလို့ ၂၀ နီးပါး သေဆုံး

ကျောက်တော်၊ စက်တင်ဘာ ၁၂ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း”ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေအပါအဝင် ကလေးငယ် ၁၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်က “ပညာပန်းခင်း”ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅၀၀ ဗုံး နှစ်လုံး…

စစ်အာဏာသိမ်း (၁၆၈၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၂၉) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၂ AAPP ရဲ့ စက်တင်ဘာ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၄) ရက်အတွင်း ပြည်သူ (၇၂၂၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၆၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တရုတ်ရဲ့ စောင့်ကြည့်‌ထောက်လှမ်းရေး နည်းပညာအကူအညီနဲ့ ဒီဂျစ်တယ်စစ်ဆင်ရေး စစ်အုပ်စု လုပ်ဆောင်နေ

မော်လမြိုင်၊ စက်တင်ဘာ ၁၂ တရုတ်အစိုးရနဲ့ချိတ်ဆက်ထားတဲ့ Geedge Networks ကုမ္ပဏီရဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာအကူအညီကို ရယူပြီး စစ်အုပ်စုက မြန်မာပြည်တွင်းမှာ ဒီဂျစ်တယ်စစ်ဆင်ရေးလုပ် ဆောင်နေတယ်လို့ Justice For Myanmar (JFM) က ဖော်ထုတ်လာပါတယ်။ တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ တရုတ်ကုမ္ပဏီ Geedge Networks နဲ့ မြန်မာတယ်လီကွန်းကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ ဒီဂျစ်တယ်စစ်ဆင်ရေးကို အားပေးကူညီနေတဲ့အကြောင်း…

ဖမ်းဆီးရမိထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကော်မရှင် တပ်သားတွေထံ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြန့်ဝေ

မော်လမြိုင် ၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်အတွင်းမှာ တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းကုန် ပစ္စည်းတွေကို ဖမ်းဆီးပြီးနောက် စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က စစ်ကော်မရှင် လက် အောက်ခံ တပ်သားတွေကို ဖြန့်‌ဝေတာတွေ ပြုလုပ်နေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုလို ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ ပြည်နယ် ဝန်ကြီးချုပ်…

ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင် အင်အားသုံးထိုးစစ်ဆင်နေ

ရေဖြူ၊ စက်တင်ဘာလ ၁၂ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းက ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်ဟာ အင်အားသုံးထိုးစစ်ဆင်နေတယ်လို့ ဗျူဟာ ၃၃ ဆင်စစ်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုလို စစ်ကော်မရှင်ဘက်က အင်အားသုံးထိုးစစ်ဆင်နေတာကြောင့် မလွှဲတောင်နဲ့ကလိန်အောင်ကြားရှိ ကျေးရွာတွေအနီးမှာ စစ်ရေးပြင်းထန်နေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲက ရေဖြူတခွင်လုံးမှာ ဖြစ်နေပြီး ကံပေါက်-ကလိန်အောင်လမ်းအပါအဝင် တစ်နယ်လုံးမှာ တိုက်ပွဲတွေအနှံ့ဖြစ်ပွားနေကြောင်း၊…