ရခိုင်ပြည်နယ်မှာ ငတ်မွတ်ချို့တဲ့မှုနှုန်း မြင့်တက်လာတယ်လို့ WFP သတိပေး
ရခိုင်၊ ဩဂုတ် ၁၃ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပိတ်ဆို့တားဆီးမှုနဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုနှုန်း မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထုတ်ပြန်ပါတယ်။ အခြေခံစားနပ်ရိက္ခာကိုပင် ပြည့်ဝအောင် မစားသုံးနိုင်တဲ့ မိသားစုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ လက်ရှိမှာ ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…
