ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး
ဘားအံ၊ ဇူလိုင် ၂၅ ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး မတရား ဝိုင်းဝန်း ရိုက်နှက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ တန်းပိတ်ချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၇ နှစ်…